တ ရုတ်မှာ ဗိုင်းရပ်ကူးစက်မှု ရှိနေသေးပေမယ့် တည်ငြိမ်လာပီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

လက်ရှိကူးစက်ခံထားရတဲ့ ၂၈ နိုင်ငံအပြင် တခြားဘယ်နိုင်ငံမှာမှ ဗိုင်းရပ်ကူးစက်ခံရသူ အသစ် မတွေ့ရတာ အခုဆို ၄ ရက် ရှိသွားပါပီ။ အတော်ငြိမ်လာတဲ့ သဘောပါ။

စင်ကာပူမှာတော့ နောက်ထပ် ၂ ဦး ကူးစက်တာတွေ့လို့ အခုဆိုရင် ၄၅ ဦးထိ ကူးစက်နေပီဖြစ်ပါတယ်။

ဂျပန်က အဝင်အထွက်ပိတ်ထားတဲ့ ဇိမ်ခံသင်္ဘောကြီးပေါ်မှာ ကူးစက်သူ နောက်ထပ် ၇၀ ယောက်ရှိပီဖြစ်ပီး စုစုပေါင်း ၁၃၀ ကျော် ကူးစက်နေတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်က ဗြိတိန်နိုင်ငံသား ၈ ယောက်နဲ့ အမေရိကန်နိုင်ငံသား ၁၁ ယောက် ကူးစက်ခံနေရတယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့အဖွဲ့ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ထွက်ခွာသွားကြပီဖြစ်ပါတယ်။ အင်္ဂလန်မှာ ကူးစက်ခံရသူ ၄ ဦးထပ်မံတွေ့ရပီး အမေရိကန်မှာတော့ ကူးစက်သူ စုစုပေါင်း ၁၂ ဦးရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ (၂၀)ဦးထိ ရှိလာပြီး သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိကာ ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။