ယနေ့ခေတ် ဟာ နည်းပညာတွေ တိုးတက်လာတာနဲ့ အညီ ဆိုးကျိုးတွေလည်း များလာပါတယ်…

အထူး သဖြင့် နိုင်ငံခြားယဉ်ကျေးမှုတွေဟာ စီးဆင်းလာခဲ့ပြီး မြန်မာဆန်မှုတချို့ဟာ ပျောက်ကုန်ပါတယ်…ဥပမာ ဆံပင်ရှည်တွေနေရာမှာ အတိုတွေ ဝင်လာတယ်…သနပ်ခါးနေရာမှာ မိတ်ကပ်တွေ ဝင်လာတယ်… ထမီရင်ဖုံးနေရာမှာ ရင်ဟိုက် အတိုအကြပ်လေးတွေ ဝင်လာပါတယ်….ဒါတွေကိုတော့ ထိန်းသိမ်းရမှာ ဖြစ်ပါတယ်…ဒါမှသာ ကျနော်တို့ မြန်မာ့ယဉ်ကျေးမှုဟာ မပျောက်ပျက်မှာ ဖြစ်ပါတယ်… အပြစ်ပြောတာမဟုတ်ပါဘူး…တိုးတက်လာတာလည်းတိုးတက်လာတာပေါ့….ထိန်းသိမ်းရမှာလည်း ထိန်းသိမ်းရမှာပေါ့နော်…..ခုပြောပြမဲ့ မိန်းကလေးဆိုရင် နိုင်ငံခြားသူဖြစ်ပေမဲ့ မြန်မာ့ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး နှစ်သက်လွန်းတာကြောင့် မြန်မာမိန်းကလေးတစ်ယောက်ကဲ့သို့ ဆင်ယင်ထားခဲ့ပါတယ်…

အဲတာကတော့ ရွှေတိဂုံဘုရားလာဖူးတဲ့ နိုင်ငံခြားသူလေးဟာ မြန်မာ့ယဉ်ကျေးမှုကို ချစ်လို့ မြန်မာဆန်ဆန်လေးဝတ်ပြီး မြန်မာ့သနပ်ခါးလေးကို လိမ်းခြယ်ထားတာ အရမ်းကို ချစ်ဖို့ကောင်းပါတယ်…..တိုင်းတစ်ပါးအလှကိုပဲ မက်မောကြတဲ့ သူတွေအတွက်တော့ ဒီနိုင်ငံခြားသူလေးရဲ့ ဆင်ယင်နေထိုင်မှုက တကယ့်ကို အတုယူစရာပါ…. အဲတာကြောင့် မြန်မာမလေးတို့ရေ ထမီ ရင်ဖုံးလေးနဲ့က ပိုနန်းဆန်ပါတယ်…ဆံပင်ရှည်လေးနဲ့က မဟာဆန်ပါတယ်…

သနပ်ခါးလေးလူးထားတာက ချစ်စရာကောင်းကျက်သရေရှိပါတယ်…..နိုင်ငံခြားသူလေးတစ်ယောက် မြန်မာ့ယဉ်ကျေးမှုလေးနဲ့ ဘယ်လောက်တောင် ကျက်သရေရှိနေသလဲ ပရိသတ်ကြီးတို့လည်း ကြည့်ရအောင် သူ့ရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေလိုက်ရပါတယ်နော်…