ဘုရား ထဲမွာ တန္ဖိုးရွိတာေတြ ဘာလို႔ ထည့္ထားတာတုန္း။ တခ်ိဳ႕လည္းပဲ စဥ္းစားခ်င္မွ စဥ္းစားမွာေနာ္.. ဘုရားထဲမွာ ဌာပနာတယ္၊ `ဌာပနာ´ဆိုတာ `ထည့္သြင္းျခင္း တည္ထားျခင္း´ လို႔ အဓိပၸါယ္ရတယ္..

အဲဒီေတာ့ ရတနာေတြ ဘာကိစၥ ဘုရားထဲမွာ ထည့္ၾကတာတုန္း?

နိုင္ငံျခားသားေတြအျမင္နဲ႔ ၾကည့္ရင္ေတာ့ ဒါဟာ အက်ိဳးမရွိဘူး။ ေျပာမွာေပါ့ေနာ္..ဒါေတြ ထည့္လိုက္လို႔ ဘာအက်ိဳးရွိမွာတုန္း.. ဘုရား႐ုပ္ပြားဆင္းတုေတာ္ထည့္တာေတာ့ ထားပါေတာ့ ရတနာေတြ ထည့္တယ္..အခုေခတ္လည္း ထည့္တာပဲ။ၾကည္ညိဳတဲ့ ပုဂၢိဳလ္ေတြက ကိုယ့္သဒၶါတရားနဲ႔ ကိုယ္ ထည့္ၾကတယ္။ ဘာအတြက္ထည့္တာလဲ ဆိုေတာ့ တစ္ခ်ိဳ႕က ၾကည္ညိဳလို႔ လႉတာပဲ သိတယ္.. သို႔ေသာ္ တကယ့္အစစ္အမွန္က ရည္ရြယ္ခ်က္ရွိတယ္..။

ျမတ္စြာဘုရား ပရိနိဗၺာန္‌စံတဲ့အခါ ဘုရားရဲ့ ဓာတ္ေတာ္ေတြကို ရွစ္ျပည္ေထာင္မင္းေတြကို
ခြဲေဝၿပီး ေပးလိုက္တယ္။ ဓာတ္ေတာ္ေတြက ရွစ္ျပည္ေထာင္ ေရာက္သြားတယ္။ ဒီဓာတ္ေတာ္အတြက္ အႏၲရာယ္ျဖစ္မွာစိုးလို႔ ရွင္မဟာကႆပတို႔က အဇာတသတ္မင္းနဲ႔တိုင္ပင္ၿပီးေတာ့ ဓာတ္ေတာ္တိုက္ႀကီးတစ္ခုလုပ္ၿပီး ဓာတ္ေတာ္ေတြ စုထည့္ထားတယ္။

အဲဒီလို စုထည့္ထားၿပီး အင္မတန္မွ တန္ဖိုးရွိတဲ့ ပတၱျမားတစ္လုံးကို အဲဒီထဲမွာထည့္ထားၿပီး စာေရးထားတယ္ `ေနာင္တစ္ခ်ိန္က်ရင္ ဒီဓာတ္ေတာ္တိုက္ႀကီး ပ်က္စီးလို႔ ျပင္ဆင္ဖို႔အတြက္ ေငြေၾကးမတတ္နိုင္ဘူးဆိုလို႔ရွိရင္ ဒီပတၱျမားတုံးႀကီးကို ေရာင္းခ်ၿပီး ျပဳျပင္ပါတဲ့။

အဲဒီေတာ့ ရတနာေတြ ထည့္သြင္းထားခဲ့တယ္ဆိုတဲ့ အဓိပၸါယ္ဟာ သခၤါရသေဘာတရားအရ တစ္ေန႔က်ရင္ ပ်က္စီးမွာပဲ။ maintenance လိုတယ္ေလ၊ maintenance အတြက္ ထည့္ခဲ့တာ။ ဒီလိုဆိုလို႔ရွိရင္ေတာ့ ရည္ရြယ္ခ်က္ေကာင္းတယ္ေပါ့။ maintenance အတြက္ deposit လုပ္ထားခဲ့တာ။

ဒါေတြကိုယူၿပီး ဘုရားျပင္ရမယ္ေပါ့..အဲဒီရည္ရြယ္ခ်က္ပဲ ေနာက္က်ေတာ့ ဒီရည္ရြယ္ခ်က္က တစ္ျဖည္းျဖည္း ေပ်ာက္လာတဲ့ သေဘာပဲေနာ္။

ေဒါက္တာနႏၵမာလာဘိဝံသ

=====================

ဘုရားထဲမှာ တန်ဖိုးရှိတာတွေ ဘာလို့ထည့်ထားတာတုန်း။ တချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာနော်.. ဘုရားထဲမှာ ဌာပနာတယ်၊ `ဌာပနာ´ဆိုတာ `ထည့်သွင်းခြင်း တည်ထားခြင်း´ လို့ အဓိပ္ပါယ်ရတယ်..

အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ ထည့်ကြတာတုန်း?

နိုင်ငံခြားသားတွေအမြင်နဲ့ ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူး။ ပြောမှာပေါ့နော်..ဒါတွေ ထည့်လိုက်လို့ ဘာအကျိုးရှိမှာတုန်း.. ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ ထားပါတော့ ရတနာတွေ ထည့်တယ်..အခုခေတ်လည်း ထည့်တာပဲ။

ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဓါတရားနဲ့ ကိုယ် ထည့်ကြတယ်။ ဘာအတွက်ထည့်တာလဲ ဆိုတော့ တစ်ချို့က ကြည်ညိုလို့ လှူတာပဲ သိတယ်.. သို့သော် တကယ့်အစစ်အမှန်က ရည်ရွယ်ချက်ရှိတယ်..။

မြတ်စွာဘုရား ပရိနိဗ္ဗာန်‌စံတဲ့အခါ ဘုရားရဲ့ ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကို
ခွဲဝေပြီး ပေးလိုက်တယ်။ ဓာတ်တော်တွေက ရှစ်ပြည်ထောင် ရောက်သွားတယ်။ ဒီဓာတ်တော်အတွက် အန္တရာယ်ဖြစ်မှာစိုးလို့ ရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့တိုင်ပင်ပြီးတော့ ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်ပြီး ဓာတ်တော်တွေ စုထည့်ထားတယ်။

အဲဒီလို စုထည့်ထားပြီး အင်မတန်မှ တန်ဖိုးရှိတဲ့ ပတ္တမြားတစ်လုံးကို အဲဒီထဲမှာထည့်ထားပြီး စာရေးထားတယ် `နောင်တစ်ချိန်ကျရင် ဒီဓာတ်တော်တိုက်ကြီး ပျက်စီးလို့ ပြင်ဆင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးဆိုလို့ရှိရင် ဒီပတ္တမြားတုံးကြီးကို ရောင်းချပြီး ပြုပြင်ပါတဲ့။

အဲဒီတော့ ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ သင်္ခါရသဘောတရားအရ တစ်နေ့ကျရင် ပျက်စီးမှာပဲ။ maintenance လိုတယ်လေ၊ maintenance အတွက် ထည့်ခဲ့တာ။ ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်ကောင်းတယ်ပေါ့။ maintenance အတွက် deposit လုပ်ထားခဲ့တာ။

ဒါတွေကိုယူပြီး ဘုရားပြင်ရမယ်ပေါ့..အဲဒီရည်ရွယ်ချက်ပဲ နောက်ကျတော့ ဒီရည်ရွယ်ချက်က တစ်ဖြည်းဖြည်း ပျောက်လာတဲ့ သဘောပဲနော်။

ဒေါက်တာနန္ဒမာလာဘိဝံသ