ဒီ ဇင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်နမ့်ဆန်မြို့တွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ် ပွားခဲ့ပြီး နမ့်တွေကျေးရွာအုပ်စု လွယ်ပျက်ကျေးရွာရှိနေအိမ်တစ်လုံးပေါ်သို့  လက်နက်ကြီး ကျည်ဆန် ကျရောက်ခဲ့သည်ဟု နမ့်ဆန်အခြေစိုက် အွန်လို်င်းမီဒီယာ ” ရွှေဖီမြေ ” မှ ဖော်ပြထားမှု့ အရ သိရသည်။



ref:The Ladies News

Unicode

ဒီ ဇင်ဘာ ၁၇ ရက်နေ ့ညနေပိုင်းက ရှမ်းပြည်နယ်နမ့်ဆန်မြို့တွင် တပ်မတော်နှင့် TNLA တို ့တိုက်ပွဲဖြစ် ပွားခဲ့ပြီး နမ့်တွေကျေးရွာအုပ်စု လွယ်ပျက်ကျေးရွာရှိနေအိမ်တစ်လုံးပေါ်သို ့ လက်နက်ကြီး ကျည်ဆန် ကျရောက်ခဲ့သည်ဟု နမ့်ဆန်အခြေစိုက် အွန်လိုု်င်းမီဒီယာ ” ရွှေဖီမြေ ” မှ ဖော်ပြထားမှု ့အရ သိရသည်။

တပ်မတော်နှင့် TNLA တို ့အကြား မိနစ် ၃၀ ကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အဆိုပါလက်နက်ကြီး ကျည်ဆံမှာ ညနေ ၄း၅၀ နာရီအချိန်က လွယ်ပျက်ကျေးရွာရှိ သားအမိ ၂ ဦးတည်းနေထိုင်သည့် နေအိမ် ပေါ်သို ့ ကျရောက်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါ သားအမိ ၂ ဦးမှာ နာရေးသတင်းမေးသွားနေသည့်အတွက် အသက်ဘေးမှ လွတ်ကင်းခဲ့သလို အခြား ရွာသူရွာသား တစ်စုံတစ်ဦးမှ ထိခိုက်မှု ့ မရှိခဲ့ကြောင်းလည်း လွယ်ပျက်ကျောင်းဆရာတော် ဦးစာရိတ္တ၏ ပြောကြားမှု ့ကို ကိုးကား၍ ” ရွှေဖီမြေ ” မှဖော်ပြထားသည်။

Credit း Photo Via မိုင်းအနိုင်၊ ရွှေဖီမြေ
ref:The Ladies News