ဆံပင်ရှည်နဲ့ ဂျင်းဝတ်လည်း လမ်းသရဲမဟုတ်ပါဘူးဆိုတဲ့ Mooler”

မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်ဟောင်း Mooler ကတော့ ဆံပင်ရှည်နဲ့ ဂျင်းဝတ်လည်း လမ်းသရဲမဟုတ်တဲ့အကြောင်းကို “ဆံပင်ရှည်နဲ့ ဂျင်းဝတ်လည်း လမ်းသရဲ မဟုတ်ဘူးနော် အပြုံးများနဲ့သာလောကအလှဆင်ချင်တဲ့ ဂျစ်ပစီ မူးမူး” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ Top (5) Finalist အထိတက်ရောက်နိုင်ခဲ့တဲ့ Mooler ကတော့ လက်ရှိမှာ အဆိုတော်တစ်ယောက်အနေနဲ့ ဖျော်ဖြေရေးပွဲတွေကို မြန်မာနိုင်ငံအနှံ့အရပ်ဒေသတော်တော်များများအထိ သွားရောက်ဖျော်ဖြေနေရပြီပဲဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နေခဲ့စဉ်အချိန်ကတည်းက ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ Mooler ကို အားပေးတဲ့ ပရိသတ်အရေအတွက်ဟာ ပိုလို့တောင်များလာပါသေးတယ်။မတူကွဲပြားတဲ့ တေးသီချင်းပုံစံမျိုးစုံကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တာကလည်း Mooler ရယ်လို့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိစေခဲ့ပါတယ်။ ဆံပင်ရှည်နဲ့လိုက်တဲ့ယောက်ျားလေးဆိုတာ တော်တော်လေးရှားပေမယ့် Mooler ကတော့ ဆံပင်ရှည်လေးနဲ့လိုက်ဖက်စွာ ပရိသတ်တွေရဲ့အချစ်ပိုမှုကိုရရှိထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ Top (5) Finalist အထိတက်ရောက်နိုင်ခဲ့တဲ့ Mooler ကတော့ ဆံပင်ရှည်နဲ့ ဂျင်းဝတ်လည်း လမ်းသရဲမဟုတ်ဘဲ အပြုံးများနဲ့သာလောကအလှဆင်ချင်တဲ့ ဂျစ်ပစီ မူးမူး ပါတဲ့နော်။

Credit-CeleGabar