ဘေးမှာရှိနေ တဲ့ ချစ်သူကောင်မလေး ကို မိတ်ဆက်ပေးလိုက် တဲ့ အုပ်စိုးခန့်ရဲ့ အိပ်ရာထ က်က ဗီဒီ ယိုဖိုင်လေး

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသားချောလေး အုပ်စိုးခန့်ကတော့ ဒီနေ့မှာ သူ့ရဲ့ ကောင်မလေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ မြန်မာပြည်တွင်းမှာသာမက အာရှနိုင်ငံတွေအထိပါအနုပညာအလုပ်တွေနဲ့ ထိုးဖောက်ဝင်ရောက်နေပြီး ပြည်ပပရိသတ်တွေပါအခိုင်အမာရရှိထားတဲ့ အုပ်စိုးခန့်ကတော့ ပရိသတ်တွေကို မညာချင်တော့တာကြောင့် သူရဲ့ ကောင်မလေးကို ဖော်ပြလိုက်တာပါလို့လည်း ဆိုထားပါသေးတယ်။

မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခြင်းကိုခံထားရတဲ့ အုပ်စိုးခန့်ကတော့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်လို့လည်း ပရိသတ်တွေကတော်တော်လေးစိတ်ဝင်တစားရှိနေခဲ့ကြတာကြောင့် လာမယ့် ချစ်သူများနေ့မှာ ဘယ်လိုဖြတ်သန်းသွားမှာလဲလို့မေးမြန်းခဲ့ရာကနေ အုပ်စိုးခန့်ကဖြေကြားပေးရင် ကောင်မလေးနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ အုပ်စိုးခန့်က ချစ်သူများနေ့ကို ဘန်ကောက်မှာအလုပ်ကိစ္စရယ်၊သူရဲ့ဘေးကဘေဘီလေးရယ်နဲ့ အတူဖြတ်သန်းမှာလို့ My Day လေးကနေ ပရိသတ်တွေကို ပြန်ဖြေပေးခဲ့တာပါ။

အုပ်စိုးခန့်က ပရိသတ်တွေစိတ်ဝင်တစားရှိနေခဲ့တဲ့ သူ့ရဲ့ကောင်မလေးကဘယ်သူလဲဆိုတာကိုလည်း ပရိသတ်တွေကို ဒီဗီဒီယိုလေးမှာ ပြသခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ အုပ်စိုးခန့်ရဲ့ ဘေးမှာရှိနေတဲ့ ကောင်မလေးကဘယ်သူလဲဆိုတာကိုတော့ ပရိသတ်တွေကိုယ်တိုင်ကပဲ ဗီဒီယိုလေးကို ဆက်လက်ကြည့်ရှုကြည့်လိုက်ပါပရိသတ်ကြီးရေ….

ခရစ်ဒစ်-Chilli – CeleGabar
Source – Oak Soe Khant