ရန် ကုန်- ဖေေ ဖ်ာဝါရီ (၅)

လွန် ခဲ့တဲ့ သုံးလက အက်စစ်နဲ့တိုက်ခိုက်ခံခဲ့လို့ မျက်စိကွယ် မျက်နှာ ပျက်စီးပြီး ဒုက္ခိတ ဘဝ ရောက်ခဲ့ပေမယ့် သည်နေ့အထိ တရားခံကို ဖမ်းမိခြင်း မရှိသေးတာကြောင့်

အမှု မှန်ပေါ်ပေါက်ရေး ဝိုင်းဝန်းကူညီကြဖို့ကာယကံရှင်ကိုယ်တိုင် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းမှု ပြုလုပ်ခဲ့ပါတယ်။

ပန်းတနော်မြို့နယ်မှာ ဖြစ်ပွားခဲ့ တာ ဖြစ်ပြီး နေအိမ်ရှေ့မှာ သူငယ်ချင်းဖြစ်သူနှင့်အတူ စကားပြောစဉ် အက်စစ်နဲ့ပက်ခြင်းခံခဲ့ရတာကြောင့် မလဲ့လဲ့ဝင်း မျက်နှာက ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရပါတယ်။

ရပ်ကွက်တွင်း တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို နေပြည်တော်သို့တိုင်တန်းခဲ့သည့် အတွက် အက်စစ်နဲ့ မျက်နှာကို တိုက်ခိုက်ခဲ့ခြင်း ခံရတာဖြစ်နိုင်ကြောင်း မလဲ့လဲ့ဝင်း ကတော့ ယုံကြည်နေပါတယ်။

မလဲ့လဲ့ဝင်းက အမှုမှန်ပေါ်ပေါက်ဖို့အတွက် ပန်းတနော်ရဲစခန်းကို အားကိုးဖို့မဖြစ်နိုင်လို့ သူ့ကို ဝိုင်းဝန်းကူညီပေးဖို့ကိုလဲ အဆိုပါရှင်းလင်းပွဲမှာ တောင်းဆိုသွားပါတယ်။

MOT မီဒီယာ