ေ ဟာ့ပေါ့အတူစားပြီး ဝူဟန်ဗိုင်းရပ်စ်ကူး… အိမ်မှာဟင်းချိုကို တစ်ဇွန်းထဲ ပါးစပ်အစုံလှည့်သောက်တဲ့သူတွေ သတိထားဖို့…

အ သက်၉၁ နှစ် အဖွားခမျာ နှစ်ကူး မိသားစုနဲ့ လက်ဆုံစားလိုက်တာ ဝူဟန်ဗိုင်းရပ်စ်ကူးသွားပါလေရော။ အသက် ၂၄ နှစ်ရှိလူကစတွေ့တယ်၊ နောက်တော့ သူ့အဖွား ၉၁ နှစ်၊ နောက်တော့ သူ့အဖေ၊ အမေ၊ အဒေါ် ၂ ယောက်၊ cousin ဝမ်းကွဲ ၃ ယောက်။ အကုန် ၉ ယောက်ကူးစက်သွားတာ။ 🍜ဟော့ပေါ့ကပူတာပဲ မကူးဘူး။ ဟင်းချိုသောက်တာ မကူးဘူးမထင်ကြပါနဲ့။

မြန်မာအိမ်တွေမှာ အဲ့ဒီ Personal Hygine ကိစ္စကို အာပေါက်အောင်ပြောလည်း လက်မခံကြတာ ကိုယ်တွေ့ပါ။ ပြောရရင် ပြောတဲ့သူက ကြီးကျယ်တယ်လို့ အပြောခံရတယ်။ လက်ရည်တပြင်တီး မိသားစုဆိုတာ မိသားစုစိတ်ဓာတ်နဲ့ ဒေါင်းလန်းထဲမှာ ဟင်းရည်ဆမ်း လက်ကြားထဲက ဟင်းရည်စီးကျ အတူတူ မရွံမရှာစားကြတာမှ…. မိသားစု မြန်မာ့ဓလေ့… ဘလာ ဘလာ…

မိသားစုစိတ်ဓါတ်ဆိုတာ အရေးကြုံရင် ကိုယ့်မိသားစု ကိုကူတာ။ အမွေမလုတာ၊ စည်းလုံးညီညွတ်တာကို ပြောတာ။ အဲ့လိုပုံနဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့တွေ့လို့ကတော့… မြန်မာဆိုတာ နောက် နှစ် ၅၀၀ လောက်ဆို Museum မှာ အရိုးရုပ်ကြွင်းပြပြီး ဒါပဲလို့ပြရမယ်။ မျိုးတုံးသွားမှာ။

ပြောလိုက်ရင် နင်တို့မမွေးခင်ကတည်းက ဒီလိုစားလာတာ.. မကောင်းတဲ့ သန့်ရှင်းကျန်းမာမှုမရှိတဲ့ ဓလေ့တွေပြင်မှ တိုးတက်မှုရှိမှာ။ အိမ်မှာ ဟင်းရည်အိုးကို ဇွန်းတစ်ချောင်းထဲ လှည့်သောက်ရင် ရောဂါကူးပါတယ်ဆိုတာ အခု သက်သေပဲ။ ကိုယ်ကုန်သလောက် ပန်းကန်လုံးအသေးထဲခွဲထည့်ပြီး သောက်ခြင်းဖြင့် ရောဂါပြန့်ပြီး အားလုံးထိခိုက်မယ့်ကိစ္စကို ရှောင်ကျဉ်ကြပါ။ Social responsibility လူမှုတာဝန်သိမှုရှိကြပါ။

ပြီးတော့ မြန်မာ ဘူးဖေးဆိုတဲ့ ဟင်းစုံချတွေ၊ ထမင်းဝိုင်းသိမ်းလို့ ပြန်ရောထည့်တာ ကိုယ်တွေ့မျက်မြင်ဗျာ။ မြန်မာပြည်ရဲ့ လူ့သက်တမ်းတိုမှာပေါ့။ ကွာလတီမမှီတဲ့ ပိုးသတ်ဆေးတွေရယ်၊ သုံးနည်းကို သေချာနားမလည်ပဲ အတိုင်းအဆမရှိ ပိုးသတ်ဆေးသုံးတာတွေရယ်၊ မကောင်းတဲ့ ဓလေ့တွေရယ်။ ငရုတ်သီးမှုန့်သမားတွေက မှိုပါတဲ့ reject မှ လိုက်ဝယ်တာတွေရယ်။ မူးယစ်ဆေးဝါးရယ်၊ အရက်ရယ်၊ မပြောတာပဲကောင်းမယ်ထင်ပါတယ်။

ဒါနဲ့… ဟော့ပေါ့မစားနဲ့ ပြောတာနဟုတ်ဘူးနော်။ ဟင်းချိုဇွန်းနဲ့ အိုးထဲက ခပ်မသောက်ကြဖို့၊ ကုန်နိုင်သလောက် ပန်းကန်လုံးထဲ ထည့်သောက်ဖို့ ပြောတာ။ တူတွေကလည်း သတိထားအုံး။

Richard Myo Thant
လေးစားစွာဖြင့် Blacker