တုတု လို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ အားလုံးရဲ့ အချစ်တော် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေရင်ထဲကို နေရာယူခဲ့တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ် ။ တုတုလေးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး အချစ်ရေးဘက်ကို ခြေဦးမလှည့်နိုင်သေးတဲ့ စင်ဂယ်လေးလို့တောင်ပြောလို့ရပါတယ် ။

Valentine Day နီးကပ်လာပြီဆိုတော့ တုတု တစ်ယောက် ဘယ်သူ့ဆီက လက်ဆောင်ပစ္စည်းတွေ ရမှာလည်းလို့ ပရိသတ်တွေကလည်း အထူးစိတ်ဝင်စားနေကြတာပါ ။

သူမရဲ့ အချစ်ရေးကတော့ အခုချိန်ထိ Single အဖြစ်နဲ့ ပရိသတ်တွေကိုပဲ အပြည့်အဝချစ်ပေးနေသူလေးဖြစ်ပြီး သူမရဲ့ အချစ်ရေးကို ကိုရီးယားနိုင်ငံက မင်းသားတွေနဲ့ ဆိုကာ အမြဲစနောက်အရွှန်းဖောက်တတ်သူလေးပဲ ဖြစ်ပါတယ်။

လတ်တလောမှာ ရောက်ရှိလာတော့မယ့် ချစ်သူများနေ့မှာ တုတုလေးကတော့ “ ကျုပ် ညည်းတို့ကို Reply ပြန်ရင်း ခွီဖို့မအားသေးဘူး…. Feb(14) မှာ Arjushi နဲ့ Dateလုပ်ရင် လှနေအောင် စကွင်းကဲနေတယ်… ညည်းလေးတို့ပဲ FA လုပ်.. ကျွန်မ မလုပ်ဘူး.. ” ဆိုတဲ့ စာလေးနဲ့ သူမရဲ့ပရိသတ်တွေကို အရွှန်းဖောက်စနောက်ခဲ့တာကြောင့် ပရိသတ်တွေကလည်း

တကယ် Faဘဝကို စွန့်လွှတ်တော့မှာလားတဲ့ ဆိုတဲ့ စနောက်တဲ့မှတ်ချက်လေးတွေပြန်ပေးခဲ့တာပါ။ချစ်စရာကောင်းလှတဲ့ပရိသတ်တွေနဲ့အတူအပြန်အလှန်ရင်းနှီးတဲ့ ဆက်ဆံရေးထားရှိထားတဲ့ တုတုလေးကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦး ပရိသတ်ကြီးရေ……။