အမျိုးသားအား လုုံးလိုလိုဟာ လူပျိုဘဝကို အစောကြီး ဆုံးရှုံးတတ်ကြတယ်လို့ အများစုက ယူဆကြသည့်တိုင် အသက် ၂၅၊ ၃၀ ထိတောင် ဖိုမကိစ ္စမစမ်းသပ်ဖူးတဲ့ အမျိုးသားတချို့ရှိနေတယ် ဆိုတာပါပဲ။ သူတို့လည်း သူ့အကြောင်းပြချက်နဲ့သူ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ဒိတ်လုပ်တဲ့ ကောင်လေးဟာ လူပျိုစစ်မစစ် သိချင်တယ်ဆိုရင် ခန့်မှန်းသိရှိနိုင်မယ့် လက္ခဏာရပ်တချို့ရှိပါတယ် … ။

တခါ တရံ ခန့်မှန်းချက်တွေ လွဲကောင်းလွဲပါလိမ့်မယ်။ လူပျိုစစ်မစစ် သူသာအသိဆုံးဖြစ်ပါတယ်။ ဒါပေမယ့် သိချင်စိတ်ပြင်းပြနေသေးတယ်ဆိုရင် လူပျိုစစ်စစ်တွေ ပြုမူတတ်တဲ့ ကိုယ်အမူအရာတချို့ရှိပါတယ်။ ဒါပေမယ့် လူပျိုစစ်စစ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာနဲ့ သူ့အချစ်ရေးအဆင်ပြေမှုရှိတယ် မရှိဘူးဆိုတာကတော့ လုံးလုံးမသက်ဆိုင်ကြောင်း သိထားသင့်ပါတယ် … ။

ဒီတော့ လူကောင်းဟုတ်မဟုတ်ဆိုတာ သူ့အတွေ့အကြုံရှိမှု သို့မဟုတ် မရှိမှုပေါ် မူတည်ပြီးတော့ မဆုံးဖြတ်ပါနဲ့။ မိမိတို့အချစ်ရေးဆက်ဆံမှုရဲ့ အနှစ်သာရကို အဓိကထားကြည့်ပါ … ။

၁။ သင်နဲ့ တခြားမိန်းကလေးတွေနားရောက်လို့ သူအရမ်း ရှက်နေတယ်၊ မတော်တဆ အနည်းငယ် ထိမိတာတောင် ရှောင်ဖယ်နေရင် သူဟာ မိန်းကလေးတွေနဲ့ နေသားမကျသေးတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

၂။ မိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ ခပ်လှမ်းလှမ်းနေတတ်ပါတယ်။ မိန်းကလေးတွေ သူ့ကို အနည်းငယ် စနောက်ရင်တောင် မျက်နှာနီရဲလာပါတယ်။

၃။ အပြင်မှာတွေ့ဖို့ တောင်းဆိုအခါမျိုးမှာ နှလုံးရောဂါဖြစ်မတတ် ခံစားတတ်ပါတယ်။ သူ့ကို တို့ထိကြည့်ပါ။ လေဖြတ်သလို တုန်တုန်ယင်ယင်ဖြစ်နေပါလိမ့်မယ်။

၄။ ပူးပူးကပ်ကပ်နေဖို့ ကြိုးစားတဲ့အခါ သူ့အသံတစ်မျိုးပြောင်းပြီး ထစ်ထစ်ငေါ့ငေါ့ပြောဆိုပါလိမ့်မယ်။ အရမ်းရှက်တတ်တဲ့ လူပျိုစစ်တဲ့ အမျိုးသားတချို့ဆိုရင် မိန်းကလေးနဲ့ပထမဆုံးထိတွေ့တဲ့အခါ မျက်ရည်တောင် ဝဲနေတတ်ကြပါတယ်။

၅။ အိပ်ရာထဲရောက်တဲ့အခါ တစ်သက်မှာ ကိုယ်လုံးတီးနဲ့ ဘယ်သူ့ကိုမှ မမြင်ဘူးတဲ့ပုံစံနဲ့ တစ်ကိုယ်လုံး စိတ်အားထက်သန်စွာ လိုက်ကြည့်နေပါလိမ့်မယ်။

၆။ ယောကျ်ားလေးအချို့မှာ ( )ထိပ်ငုံအရေပြား ခပ်တင်းတင်းရှိကြပါတယ်။ အဲဒီလိုယောကျ်ားတွေဟာ ပထမဦးဆုံးအကြိမ် ချစ်တင်းနှောတဲ့အခါ သွေးတွေယိုတတ်ပါတယ်။