ဝူဟ န်ဗိုင်းရပ်စ်ကို ရန်ကုန်လေဆိပ်မှာ အဆင့်ဆင့် စစ်ဆေးနေပုံကို ကျန်းမာရေးဝန်ကြီဠာနတာဝန်ရှိသူတွေက

လူမှုကွန်ယက်မှာ မျှဝေထားရာမှာ ကြည်ရှူသူများပြားနေတဲ့အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ရန်ကုန်လေဆိပ်မှာ ဝင်ရောက်တဲ့ ခရီးသွားတွေကို စက်နှစ်လုံးနဲ့ ဘယ်လိုမျိုးစောင့်ကြည့်နေတယ်ဆိုတာကို ပြည်သူလူထုကို သိစေချင်လို့ပါ စက်တစ်လုံးကို 3.5 m အကွာမှာထားပြီး နောက်စက်တစ်လုံးကို 5.7 m မှာထားပါတယ် ကျန်းမာရေးဖော်ပြချက်ကဒ်ကိုလဲ သေချာဖြည့်မှ ပေးဝင်ပါတယ်

လူဝင်မှုကြီးကြပ်ရေးကောင်တာမှာလဲ အမြင့် ၃ ပေရှိသော Acrylic မှန် တပ်ဆင်ထားပါတယ်

Lancet journal Jan 24 ကထုတ်တဲ့ paper မှာ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ 98% မှာ အဖျားရှိနေတာကိုတွေ့ရတယ်လို့ ဆိုထားတဲ့အတွက် Infrared thermal scanner နဲ့ အဖျားရှိမရှိ screening လုပ်တာက အတော့်ကို အသုံးဝင်နေဆဲပါ

WHO ကလဲ တရုတ်နိုင်ငံက သတင်းပေးပို့တဲ့လူနာတွေရဲ့ 82% ရာနှုန်းဟာ မပြင်းထန်ပဲ သာမန်သာ ခံစားရတယ်လို့ (၇-၂-၂၀၂၀) မှာပြောထားတာ တွေ့ရပါတယ်

ဒီတော့ကာ ပြည်သူတွေအနေနဲ့ အစိုးရိမ်မကြီးလွန်းစေချင်ပါဘူး သို့သော်မစိုးရိမ်ပဲလဲ မနေစေချင်ပါ

လုပ်သင့်လုပ်ထိုက်တာသာ လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ် လိုတိုရှင်းပြောရလျှင်

၁/ လက်ကို ဆေးပါ
၂/ ချောင်းဆိုးနှာချေ အုပ်ဆိုးပါ
၃/ လူနာအနီး မနေပါနဲ့
၎/ ကိုယ်ခံအားကောင်းအောင်နေပါ

၅/ ရောဂါရှိလျှင် သေချာကုသထားပါ
၆/ ဖျား ချောင်းဆိုး တရုတ်ကပြန်လာသူတွေ့လျှင် 0673420802 သို့ဖုံးဆက်ပါ
ပြီးပြီ ဒါပဲ 😊🤞

Credit – Dr. Khin Khin Gyi

Photo Credit – Dr Nyan Htet Lwin