တာင် ဒဂုံ ( ၂၆ ) ရပ်ကွက်မှာ ၁၁.၁.၂၀၂၀နေ့နံနက် ( ၄ )နာရီ ဝန်းကျင်အချိန် တရားဝင်ကွာရှင်းထားတဲ့ခင်ပွန်းဟောင်း စိုးကြီးမှ မိဘနေအိမ်ကနေ ခြိမ်းခြောက်ခေါ်သွားပြီး

ကားဘော်ဒီရုံမှာဓာတ်ဆီလောင်းပြီး မီးရှို့ခံရတဲ့ မလွင်မာဦး တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာတွေကို ဆေးကုသမှုခံယူနေစဉ်အတွင်းရန်ကုန်ဆေးရုံကြီး မေးရိုးဌာနအရေးပေါ်မှာ

ဒီနေ့ ၉.၂.၂၀၂၀ မနက် ၆ နာရီ ဝန်းကျင်မှာကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည့်အတွက်မိသားစုနှင့်ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ် ….

တရားခံအား ယနေ့အချိန်ထိ ဖမ်းဆီးသည်ဟုလည်းရဲတပ်ဖွဲ့မှ သတင်းမထုတ်ပြန်သေးပါဘူး။အခင်းဖြစ်ချိန်က မျက်မြင်သက်သေတွေကလည်းတရားရုံးမှာ သက်သေမထွက်ဆိုရဲကြပါဘူး၊

ဒါက ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုပါဒီအမှုကို အမှန်တရားပေါ်ပေါက်ပြီး မလွင်မာဦးအတွက်ထိုက်တန်တဲ့ တရားဥပဒေရဲ့ အပြစ်ပေးအရေးယူမှု အပြည့်အဝရရှိစေရန် ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်မှုအား ပြည်သူအားလုံးစောင့်ကြည့် ဝန်းရံပေးကြပါ

ကောင်းရာ ဘုံဘဝ ရောက်ရှိပါစေ မဝေမာဦး ….