ဂီတေ လာကက အဆိုရှင်နဲ့ အနုပညာနယ်ပယ်က သရုပ်ဆောင် မင်းသမီးလေးတို့ ပေါင်းဖက်ကြတဲ့ အချစ်ဇာတ်လမ်းတွေထဲမှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့လည်း အပါအဝင်ပါ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ အသက်အရွယ်အရ အလွန်ငယ်ရွယ်သေးပေမယ့် အနုပညာလောကထဲမှာတော့ လျှမ်းလျှမ်းတောက်

အောင်မြင်နေကြပြီဖြစ်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ နှစ်ဦးလုံးဟာ အဆိုနဲ့ သရုပ်ဆောင်ပိုင်းကိုပါ ကျွမ်းကျင်ကြသူတွေဖြစ်တာတွေ့ရပါတယ်။ ရွှေထူးရဲ့ ဒုတိယဇာတ်ကားဖြစ်တဲ့ ဧည့်သည်ဇာတ်ကားမှာ ရွှေမှုံရတီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့

ရွှေထူးရေးပေးထားတဲ့ သီချင်းနဲ့ ရွှေမှုံရတီက ဂီတလောကမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြန်ပါတယ်။ ရိုလို့ ချစ်ကြတာမဟုတ်ဘဲ ချစ်လွန်းလို့ ရိုကြသူတွေထဲမှာ ရွှေနှစ်ရွှေဇနီးမောင်နှံလည်း ပါဝင်ခဲ့ပါတယ် ချစ်သူ ရည်းစားတွေ သို့မဟုတ် ဇနီးမောင်နှံတွေဟာ တွဲလာတဲ့အချိန်ကြာလာတာနဲ့အမျှ

ရုပ်ရည်ချင်းဆင်တူလာတတ်ကြပါတယ်။ ရွှေမှုံရတီတို့ ဇနီးမောင်နှံကလည်း သူတို့ မျက်လုံးလေးတွေ ဆင်တူလာကြောင်းကို ပုံတင်ပြီးတော့ သက်သေပြခဲ့ပါတယ်။ ရွှေထူးက ဘာကြောင့်မို့ သူတို့နှစ်ယောက် မျက်လုံးချင်းဆင်တူနေရတာလဲဆိုတဲ့အကြောင်းပြချက်ကို ပြောပြခဲ့ပါတယ်။

ရွှေထူးပြောလိုက်တဲ့စကားလေးကတော့ သူတို့ဟာ နှလုံးသားချင်းလည်း တူညီကြလို့ မျက်လုံးချင်း ဆင်တူကြတာဖြစ်တယ်လို့ ပြောလိုက်တာပါ တစ်ဆက်တည်းမှာပဲ မိန်းမဖြစ်သူကိုလည်း ချစ်တယ်လို့ ပြောခဲ့ပါတယ်။ ကဲ…ပရိသတ်ကြီးရေ ရွှေထူးပြောပြတဲ့ အရာလေးကိုရော လက်ခံကြလား ဖြေပေးခဲ့ကြည့်ပါဦးနော်။Source ; Shwe Htoo