အောက် ပါ ပို့စ်မှ အိမ်အကူညီမလေး ယနေ့မ နက်အစောကြီး ဆက်သွယ်လာပါတယ်။ သူမရဲ့အိမ်ရှင်က သူဖျားနေတာ လည်ပင်းနာနေတာကို ဆေးခန်း မသွားခိုင်းကြောင်း သူမရဲ့ အိမ်ရှင်က လည်း တရုပ်ပြည်ကပြန်လာတာမကြာသေးကြောင်း ပြောလာပါတယ်။ ကျမမှလည်း သူ့ကိုဆေးခန်းအမြန်သွားရန် ဆရာဝန်ကိုလည်း အိမ်ရှင်အကြောင်းပြောပြရန်မနက်အစောကတည်းကပြောခဲ့ပါတယ်။

ဒါေ ပမဲ့ သူ့အိမ်ရှင်ကိုကြောက်တာရယ် အလုပ်ပြုတ်မှာကိုကြောက်တာကြောင့် မသွားခဲ့ပါ။ ညနေမှာတော့ ဈေးဆိုင်တစ်ခုမှာ အသက်ရှုကြပ်လာပြီး လဲကျသွားခဲ့သည်ဟုတဆင့်ကြားသိရပါတယ်။

ယခုတော့ သူရော အိမ်ရှင်မရော Wuhun Suspect အဆင့်ဖြင့်ဆေးရုံရောက်ရှိနေပြီဟုကြားသိရပါသည်။

“နောက်ဆက်တွဲသတင်း”

အဲ့ညီမလေး ဆေးရုံမှ ထပ်ပြီး ဆက်သွယ်လာပါတယ် Tan Tock Seng ဆေးရုံမှာ တက်နေပါတယ်။ အိမ်ရှင်ကတော့ဖုန်းတောင်မဆက်ဘူးပြောပါတယ်။ Xray ရိုက်ကြည့်တော့အဆုတ်မှာ Wuhun virus တွေ့ယ်လို့ဆရာဝန်တွေကပြောပါတယ်တဲ့။

ကိုယ်တို့ရဲ့ညီမလေး အမြန်ဆုံးကျန်းမာလာဖို့ဆုတောင်းပေးကြပါဦးနော်…

အားလုံးကိုမေတ္တာရပ်ခံလိုသည်မှာ မိမိနှင့်အတူနေသူတစ်ဦးဦး လုပ်ဖေါ်ကိုင်ဖက်တစ်ဦးဦးတွင် မသင်္ကာဖွယ်ရာ ဖျားနာ အသက်ရှုကြပ်နေမှုများရှိပါက ဆေးခန်းဆေးရုံသို့သွားရန်တိုက်တွန်းပါ မသွားပဲပေကပ်နေပါက မိမိကိုယ်တိုင်ဆေးရုံ သို့မဟုတ်ရဲစခန်းများသို့အကြောင်းကြားလိုက်ပါ။

သို့မှသာ တခြားသူများ ကူးစက်ခြင်းကို ကာကွယ်တားဆီး နိုင်ပါလိမ့်မည်။ တစ်ဦးချင်း တာဝန်သိစွာဖြင့်ဝိုင်းဝန်းကြပါစို့…

AyeLinn Htoo