ဝူ ဟန် ကို ကြောက်တဲ့ပြည်သူတွေ ဝူဟန်မကုဘူးတဲ့ အထွေထွေဆရာဝန် တွေ အထူးကု တွေ စဉ်းစားပုံတွေကို တနည်းတဖုံအထောက်အကူဖြစ်ဖို့ နာမည်ကြီး Lancet ဂျာနယ် က မှီငြမ်းမှု အများဆုံး ဆောင်းပါးတခု ကို အကျဉ်းချုပ် ပြန်ပေးလိုက်ပါတယ်…

ပြည်သူ့ ကျန်းမာရေးဘက် ဆရာဝန်တွေကတော့ သတင်းအချက်အလက်အမြဲ သိနေတော့ သူတို့ကတောင်ပိုသိမှာပါ.. တခါတလေ သူတို့လည်း အင်မတန် ငါပဲသိငါပဲတတ် ဆိုတဲ့ တချို့အထူးကုတွေကို လွန်ဆန်လို့မရတာတွေလည်း ရှိတတ်ပါတယ်…

Lancet ဂျာနယ်မှာ တရုတ်က ဝူဟန် လူနာ ၄၁ ယောက် ရဲ့ ရောဂါ လက္ခဏာတွေကို သံသယကနေ ကုသမှု အစအဆုံး စောင့်ကြည့်ပြီး ဒေတာ တွေကို သုံးသပ်တော့… ၁။ အမျိုးသား မှာဖြစ်နှုန်းက ၇၃ ရာနှုန်း အတောင်၂၀ ဝတ် မင်းယောင်္ကျားတွေ ဝူဟန် သမတာကို ပိုခံရတဲ့သဘော.. ၂။ အဲဒီထဲက ၃၂ ရာနှုန်းမှာ ဆီးချို ၂၀ ရာနှုန်း သွေးတိုး ၁၅ရာနှုန်း နဲ့ နှလုံးရောဂါ ၁၅ ရာနှုန်း.. ၃။ ပျမ်းမျှအသက်က ၄၉ နှစ် နဲ ၆၆ ရာနှုန်းက ဝူဟန် ဈေးထဲသွားဖူးသူတွေ ဒါတွေက အခြေခံ အချက်အလက်တွေပေါ့…

အရေးကြီးတဲ့ ဆေးလက်တွေ့ဒီမှာစပါပြီ…

ရောဂါလက္ခဏာစဖြစ်တာနဲ့ ၉၈ ရာနှုန်းသော လူနာတွေမှာ တူညီတာ အဖျား ရှိပါတယ်.. ၇၆ ရာနှုန်းသော လူနာတွေမှာ ချောင်းဆိုးပါတယ်.. ၄၄ ရာနှုန်းသော လူနာတွေမှာ မအီမသာကိုယ်လက်နှုံးပါတယ်.. ဆိုတော့ ဖျားတာ က အဓိက ဖြစ်ဖြစ်ချင်းပြတဲ့လက္ခဏာမို့ နေရာတကာအဖျားတိုင်းပါတယ်.. သာမည ဖြစ်တဲ့ ရောဂါလက္ခဏာတွေကတော့ သလိပ်ထွက်တာ ၂၈ရာနှုန်း(၁၁/၃၉).. ခေါင်းကိုက် ၈ရာနှုန်း (၃/၃၈).. ချောင်းဆိုးသွေးပါ ၅ရာနှုန်း (၂/၃၉).. ဝမ်းပျက် ၃ရာနှုန်း (၁/၃၈)…

ပိုအရေးကြီးတာ တွေလာပါပြီ ဖျားတယ် ကိုယ့်ဟာကိုယ်ဆေးသောက်တယ် သို့ ဆေးခန်းပြတယ် မသက်သာဘူး နောက်ဆက်တွဲဘာတွေဆက်ဖြစ်လဲဆိုတော့…

အသက်ရှူရခက်တဲ့ လက္ခဏာ က ၅၅ ရာနှုန်း (၂၂/၄၀).. ပထမ ရောဂါစဝင်တဲ့အချိန်ကနေ အသက်ရှုရခက်တာဖြစ်ချိန် က ပျှမ်းမျှ ၈ ရက် ခန့်အတွင်းမှာ ဖြစ်တတ်ပါတယ်တဲ့.. ဆိုလိုတာ စစဖြစ်ချင်း အသက်ရှူရမခက်တတ်ပါဘူး.. ၆၃ ရာနှုန်း(၂၆/၄၁) သောလူနာတွေ ကိုသွေးစစ်ရင် သွေးဖြူဥကောင့်တွေကျနေပါတယ်.. ရာနှုန်းပြည့် လူနာတွေကို ရင်ဘတ် CT ရိုက်တာ အဆုတ်ရောင် နဲ့ ပုံမမှန်တဲ့လက္ခဏာတွေ့ရပါတယ်…

ဒါ ကအရေးကြီးပါတယ်.. အစောပိုင်းကေစ့်တွေကို သာမန် ရင်ဘတ် ဓာတ်မှန်ရိုက်ချိန်မှာ မတွေ့ပဲ CT ရိုက်မှ တွေ့လို့ ဒီကောင်ကို CT နဲ့ ဖမ်းမှ မိတယ်လို့ နာမည်ကျော်သွားပါတယ်… စင်္ကာပူက ကေစ့်တွေဆိုလည်း ပထမပိုင်း တလျှောက် ရင်ဘတ်ဓာတ်မှန်တွေမှာ မတွေ့ပဲ နောက်ဆုံးရောဂါပြင်းထန်ချိန်ကျမှ တွေ့တာပါ… ဒီအထိက သာမန်ဆေးရုံ သို့ CT ရှိတဲ့ဆေးရုံတွေမှာစမ်းသပ်စစ်ဆေးလို့ရပါတယ်…

“သေရတဲ့အကြောင်းအရင်းတွေ နဲ့ ကုသိုလ်ကံ”

ဒီ အခြေအနေ ဆိုရင်တော့ မိမိ ကုသိုလ်ကံကိုသာပုံချပါ.. မြန်မာမှာ ဒီအခြေအနေ တွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖို့ ကန့်သတ်ချက်တွေရှိပါတယ်.. ကေစ့် volumne လို့ခေါ်တဲ့ လူနာတွေတကယ် များပြီးဆိုတိုင်ပတ်ပါမယ်…

အမေရိကန်နဲ့ တိုးတက်တဲ့ နိုင်ငံတွေ ဝူဟန်ကို အသည်းအသန် အမိဖမ်းနေတာ အဲဒါပါပဲ သေနှုန်းကို မကြောက်ပေနဲ့ အသက်ရှင်ဖို့ တကယ့် အရည်အသွေးရှိတဲ့ ပြုစုစောင့်ရှောက်မှုလိုပါတယ်.. အဲဒါ မပေးနိုင်ရင် ကေစ့်ပမာဏရော ပျံ့နှံ့မှုရော သေနှုန်းပါ ပိုဆိုးလာပြီး ကျန်တဲ့ တခြားလူနာတွေကိုပါ ထိခိုက်ပါတယ်.. တရုတ်မှာဆို တခြားကင်ဆာသမား ကျောက်ကပ်လဲသူ နဲ့တခြား နာတာရှည်လူနာတွေပါ သေပါတယ်.. ဝူဟန်ကြောင့် ICU တွေ ဆေးရုံတွေဝင်တိုးလို့မရတော့လို့…

၂၉ ရာနှုန်းသော လူနာတွေက Acute respiratory distress sydrome လို့ခေါ်တဲ့ အသက်ရှုရခက်တဲ့လက္ခဏာတွေခံစားရပါတယ်… ဒီဟာကို သိဖို့ ဓာတ်မှန်တွေ သွေးဖောက်ပြီး သွေးထဲက အောက်ဆီဂျင်ပမာဏ တိုင်းဖို့တွေ ပါလာပါပြီ ဆရာဝန် တယောက်ထဲ အသက်ရှုနှူန်း တိုင်း နှုတ်ခမ်းပြာမပြာ မောမမော ကြည့်မရတော့ပါဘူး…

၁၅ ရာနှုန်းက RNAaemia ဆိုတဲ့လက္ခဏာ ရှိပါတယ်.. ၁၂ ရာနှုန်းက နှလုံးထိခိုက်ပါတယ်.. ၁၀ ရာနှုန်းက ပြင်ပပိုးဝင် ထပ်ဆင့်ဝင်ပါတယ်တဲ့.. ၃၂ ရာနှုန်းသော လူနာတွေ ICU လို့ခေါ်တဲ့ အထူးကြပ်မတ်ခန်း ထဲ ရောက်ပြီး.. ၁၅ ရာနှုန်းသော လူနာတွေ သေပါတယ်တဲ့…

ICU ထဲ က လူနာ တွေမှာ IL2,IL2,IL10,GSCF,IP10,MCP1,MIP1A, နဲ့ TBF alpha တွေ ပိုတက်ပါတယ် တဲ့ ဒီအဆင့်ကတော့ မြန်မာမှာ လုပ်ဖို့ခက်ခဲလာမှာပါ…

Dr Nyan Win Phyo