FMI Orchid Garden မှာ ၃ထ ပ်ခွဲတိုက်ကို စည်ပင်ခွင့်ပြုမိန့်မရဘဲ မြန်မာမှတ်ပုံတင်ကိုင်စကားပြန်နဲ့ပြောနေရတဲ့ ပိုင်ရှင်ကတရုပ်အလုပ်သမားတွေနဲ့ ဆောက်နေတာကို တလမ်းလုံးကလဲမကန့်ကွက်ကြဘူး.. ကိုယ်ကဘေးကပ်ရက်ကို တခြားနိုင်ငံရောက်တော့မသိလိုက်ဘူး…

သိတဲ့အချိန် ၃ထပ် ရောက်နေပြီ.. အခုနောက်ဖက်မှာ ၄ထပ်တောင်ဖြစ်နေသေးတော့တယ်.. ​ဘာအကာအရံမှမရှိဘူး.. မြက်ခင်းပေါ်ဘိလပ်မြေတွေကျ အမှိုက်တွေကျနဲ့ ၇ ရက်လုံးဆူညံပြီးအလုပ်သမားတွေကိုထိန်းမဲ့လူလဲမရှိဘူး.. ဖြစ်ချင်တိုင်းဖြစ်နေတော့တာ…

ရပ်ကွက်အုပချုပ်ရေးမှူးမသိတာလား စည်ပင်ကိုတိုင်ရမလား FMI management တုန်းကလို အသေးစားပြင်ဆင်တာလား အကြီးစားပြင်တာလား တခါတည်းရောက်လာတာ.. သတ်မှတ်ထားတဲ့ပုံစံတူမဟုတ်ရင် အရင်ကခွင့်မပြုခဲ့ကြဘူး.. အခုတော့စည်ပင်ကိုလွှဲပြောင်းလိုက်တာ လပိုင်းဘဲရှိသေးတယ်တယ်…

အခုလိုဟာတွေစည်းဘောင်ကျော်ပြီးဖြစ်လာတာ.. ဘယ်သူ့တိုင်ရမလဲ.. တာဝန်ရှိသူများ လာရောက်စစ်ဆေးပေးကြပါ…

Kakoo Winchein