ဆား ​ဖျော်ရည်ဖြင့် ​ဆေးပြီးမှ စားသုံးရန် သင့်ပါ​ကြောင်း

ကမ္ဘာမှာပိုးသတ်ဆေးအသုံးဆုံးနိုင်ငံက EU နိုင်ငံတွေပါ။ တစ်ကမ္ဘာလုံးကထုတ်တဲ့ပိုးသတ်ဆေးရဲ့ ၄၅ ရာခိုင်နှုန်း ကိုသုံးပါတယ် ဒုတိယက ၂၅ ရာခိုင်နှုန်း သုံးတဲ့ USA ပါ အိမ်နီးချင်း နိုင်ငံတွေထဲ ပိုးသတ်ဆေးအသုံးများတဲ့အိန္ဒိယတောင် ၃ %ပဲရှိပါတယ်မြန်မာနိုင်ငံကပိုးသတ်ဆေးသုံးတာနိုင်ငံတကာနဲ့ယှဉ်ရင် ၁ % တောင်မရှိပါဘူး..ဒါပေမဲ့ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် ကင်ဆာအပါအဝင်ရောဂါရမှုမှာတော့ မြန်မာနိုင်ငံကထိပ်ဆုံးမှာရှိနေတယ်ကျွန်မက အသီးအရွက်များများစားတယ်..”ကျွန်တော် ပြန်ပြောလိုက်ပါတယ်..” ဒါဆို အမ မြန်မြန်သေမှာပဲ ” လို့..ကမ္ဘာမှာ ကင်ဆာအဖြစ်ဆုံး အဆင့် ၂ နေရာကိုမြန်မာနိုင်ငံက ရရှိထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ နေ့တိုင်းနေ့တိုင်း အဆိပ်တွေ စားအုံးဆီတွေ မှိုတတ်နေတဲ့ အစားအစာတွေ စားသုံးနေကြလို့ပါ..ထမင်းဝိုင်းကိုထိုင်လိုက်လို့ ထမင်းဝိုင်းမှာ အသီးအရွက်တစ်မျိုးမျိုးတွေ့လိုက်တာနဲ့ သတိထားပါတော့..မိတ်ဆွေ အဆိပ်သင့်ပါတော့မယ်..

မိတ်ဆွေဟာ စိုက်ပျိုးရေးခြံတစ်ခြံကို ဝင်လိုက်ရင်ရောင်းဖို့အပင်နဲ့ သူတို့စားဖို့အပင်ဆိုပြီး ၂ မျိုးခွဲထားတာကိုတွေ့ရပါလိမ့်မယ်.. ရောင်းဖို့အပင်ဆိုရင် ပိုးသတ်ဆေးဖျန်းပြီး ကိုယ်စားမဲ့အပင်ဆို ပိုးသတ်ဆေးမဖျန်းပါဘူး..နိုင်ငံတကာမှာလုံးဝထိပ်တန်းအန္တရာယ်အဖြစ် ပိတ်ထားတဲ့ (ဥပမာမီသိုမိုင်း)လို ပိုးသတ်ဆေးမျိုးကိုမြန်မာနိုင်ငံမှာ အလွယ်တကူဝယ်လို့ရပါတယ်..ထိုင်းနိုင်ငံကနေ တရားမဝင် ဝင်လာတာပါ..ပိုးသတ်ဆေးဓာတ်ကြွင်းပျယ်တဲ့အချိန် ကြာလွန်းတာကြောင့်(ဆယ်စုနှစ်နဲ့ချီပြီး အဆိပ်မပျယ်လို့နိုင်ငံတကာမှာပိတ်ထားတဲ့ဆေးမျိုးတွေ )ကိုမြန်မာနိုင်ငံမှာ တရားမဝင်လမ်းကြောင်းကနေဖောဖောသီသီ သုံးနေကြတယ်

အမေရိကန်မှာ 1985 …(EUမှာ1992) ..ဝန်းကျင်လောက်ထဲက ပျားမျိုးတွေတုံးကုန်လို့သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်ဆိုပြီး ပိတ်လိုက်တဲ့ Imidacloprid အမျိုးအစားပိုးသတ်ဆေးဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့တရားဝင်ခွင့်ပြုထားတဲ့ ထိပ်တန်း အသုံးအများဆုံး တောင်သူကြိုက်ပိုးသတ်ဆေးပါပဲဒီနှစ်မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးအမျိုးအစားပေါင်း700 ကျော် မှတ်ပုံတင်ဖို့ စာရင်းတင်ထားပြီးစုစုပေါင်း ပိုးသတ်ဆေးအမျိုးအစားပေါင်း 4100 ကျော်မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားပြီးပါပြီ..(နယ်သာလန်မှာ ဒီနှစ် ပိုးသတ်ဆေး 20ကျော်မှတ်ပုံတင်လို့ဆိုပြီး သူတို့နိုင်ငံမှာအတော် ပွက်လောရိုက်သွားတယ်လို့အင်တာနက်မှာတွေ့လိုက်တယ်..)ပိုးသတ်ဆေးကိုသုံးစွဲတဲ့ တောင်သူဦးကြီးများပညာရည်ချို့တဲ့မှုကလဲ အဓိကအားနည်းချက်ပါပဲ..PHI လို့ခေါ်တဲ့ ပိုးသတ်ဆေးဖျန်းပြီး ဘယ်နှစ်ရက်နေမှရိပ်သိမ်းခူးဆွတ်ပါဆိုတဲ့ အညွှန်းစာကို ဘယ်တော့မှမလိုက်နာကြပါဘူး..လိုက်နာဖို့ နေနေသာသာ ဖတ်တောင်မကြည့်ဘူး..

နိုင်ငံခြားမှာဆို ပိုးသတ်ဆေးဖျန်းမယ့်လူရဲ့ခြေတစ်လှမ်းအကွာအဝေး သူဖျန်းမယ့်ဧရိယာအကျယ်တစ်နာရီမှာ ရောက်မယ့်ခရီးအကွာအဝေးဆေးပမာဏ ရေပမာဏ စတာတွေကိုသီအိုရီနဲ့တွက်ပြီး စနစ်တကျဆေးဖျန်းတာပါ.မြန်မာနိုင်ငံမှာတော့ ပိုးသတ်ဆေးဗူးကိုကိုင်ပြီး ဆေးဖျန်းပုံးထဲလောင်းထည့်ပြီး လယ်ကွင်းထဲလျောက်ဖျန်းလိုက်တာပါပဲရေသန့်ဗူး ၂၀ စာ ရေပမာဏလောက်ကိုဟင်းခပ်ဇွန်း ၁ ဇွန်းလောက်ပဲထည့်သုံးရလောက်အောင်ပြင်းလှတဲ့ ပိုးသတ်ဆေးမျိုးတွေ ဈေးကွက်ထဲမှာအများကြီးရှိပါတယ်..ဒီလိုဆေးမျိုး တစက်တလေလောက် ဓာတ်ကြွင်းကျန်နေတဲ့အသီးအနှံကိုစားမိရင် ဘယ်လောက်အန္တရာယ်ကြီးလိုက်မလဲ..ကြောက်စရာကောင်းပါတယ်ဝမ်းနည်းစရာကောင်းတာကသီးနှံတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးတဲ့စက်ဟာ မြန်မာနိုင်ငံမှာလက်ချိုးရေလို့ရလောက်အောင် နည်းပါတယ်..ရှိတဲ့စက်တွေကလဲ ခေတ်မမှီတော့ပါဘူး..ထိုင်းလိုနိုင်ငံမှာတောင် မြန်မာနိုင်ငံမှာရှိတဲ့စက်ထက်နောက်တစ်ဆင့်ထက် နောက်တစ်ဆင့် ၂ ဆင့်မြင့်တဲ့စက်တွေဘုံးဘလအောကို သုံးနေပါပြီ..တကယ်လို့ မိတ်ဆွေဟာ တို့စရာအစိမ်းစားတတ်ရင်တော့ဘယ်တို့စရာကိုမဆို ဆားဖျော်ရေနဲ့ သေသေချာချာလေးဆေးပေးပါ.ကန်စွန်းရွက်ကိုတောင် ဆေးဖျန်းကြတဲ့ခေတ်ထဲမှာ ဘယ်အသီးအနှံကိုမဆို အစိမ်းမစားသင့်တော့ပါဘူးကျွန်တော်က ပညာရှင်တစ်ယောက်မဟုတ်လို့ဒီလောက်လေးပဲ ထောက်ပြရေးနိုင်ပါတယ်..ကျွန်တော်တို့နိုင်ငံကိုတိုးတတ်အောင် လုပ်စရာအလုပ်တွေ

အများကြီး..အဆင့်ပေါင်းအများကြီး..ကဏ္ဍပေါင်းအများကြီးဖြတ်သန်းရအုံးမှာပါဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကအစိုးရနှစ်ပိုင်း အာဏာနှစ်ပိုင်းပြည်သူနှစ်ပိုင်းလက်နက်ကိုင်ကြသူနှစ်ပိုင်းနဲ့ဘုန်းကြီးတောင်မှနှစ်ပိုင်းကွဲပြီးအချင်းချင်းရန်ဖြစ်နေကြပြီဆိုတော့ဘာမှဆက်လုပ်လို့မရတော့ပါဘူး နောက်ဆုံး fb ပေါ်မှာတောင် ရန်ဖြစ်နေရတာနဲ့တင်ကျွန်တော်တို့တွေ ဘာဗဟုသုတ ဘာအကျိုးအမြတ် မှမရဘဲOoredoo Telenor နဲ့ Mpt ကို အလဟဿ ဖုန်းဘေလ်လုပ်ကျွေးရင်း(သူများနိုင်ငံသားတွေ သူတို့နိုင်ငံအတွက် ကြိုးစားနေကြချိန်မှာ)ကျွန်တော်တို့တွေကတော့အချင်းချင်း ရန်ဖြစ်ရင်း အချိန်တွေကုန် ကုန် ကုန်သွားကြပြီ..

ပြန်လည်မျှဝေပါသည်။

လေးစားစွာဖြင့် ခရစ်ဒက် ……ကံ့ကော်မြေ( နှစ်တစ်ရာပြည့် တက္ကသိုလ်)