မနေ့ က ဂျာကာတာမှာ ထိုးသတ်ခဲ့တဲ့ ONE Championship – Warrior’s Code ပြိုင်ပွဲမှာ နယ်သာလန် နိုင်ငံသား ဖိုက်တာ Reinier De Ridder က ဘရာဇီး ဖိုက်တာ Leandro Ataides ကို အနိုင်ယူကာ အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်ခါးပတ်ကို စိန်ခေါ်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

De Ridderက ပွဲအပြီးမှာေ တာ့ “အောင်လ မင်းအဆင်သင့်ဖြစ်ပြီလား၊ မင်းကြိုက်တဲ့နေရာ၊အချိန်နဲ့နေ့ကိုပြော လိုက်ပါ၊မင်းရွေးချယ်ဖို့ထိုက်တန်တဲ့အတွက်ကြောင့်ပါ။မင်းခါးပတ်အတွက်ငါလာပြီ”လို့ စိန်ခေါ်ခဲ့တာပါ။

အောင်လအန်ဆန်ကိုယ်တိုင်ကလည်း De Ridder ကို သူ့ရဲ့ လူမှုကွန်ရက်ထက်ကနေ ချီးကျူးဂုဏ်ပြုခဲ့ပါသေး တယ်​အောင်လကို စိန်ခေါ်ခွင့်ရရှိလာသူကတော့ အသက် ၂၉ နှစ်သာရှိသေးပြီး ဝိတ်ကတော့ ၁၈၅ ပေါင်နဲ့ အရမ်အမြင့် ၆ပေ ၄ လက်မရှိပါတယ်။

အောင်လအန်ဆန်ကတော့ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး ၂၀၅ ပေါင်နဲ့ အရပ်အမြင့်က ၆ ပေ ၁လက်မ ရှိတဲ့ မစ်ဒယ်ဝိတ်နဲ့လိုက်ဟဲဗီးဝိတ်တန်း နှစ်ခုပိုင်ရှင်ဖြစ်ပါတယ်နယ်သာလန်ဖိုက်တာကတော့ ဝမ်းချန်ပီယံရှစ်မှာ ကစားထားတဲ့ ၁၂ ပွဲစလုံး အနိုင်ကစားထားနိုင်သူ ဖြစ်ပေမယ့် လည်း အောင်လအန်ဆန်က ပွဲအတွေ့အကြုံပိုများပါတယ်။

နိုင်ပွဲလည်း ‌အောင်လအန်ဆန်က ၂၆ပွဲရှိပြီး ၁၀ပွဲ ရှုံးထားကာ နောက်ဆုး ၇ ပွဲဆက် နိုင်ထားသူလည်း ဖြစ်ပါတယ်သူတို့နှစ်ဦးထိုးသတ်မယ့် အချိန်၊နေရာနဲ့နေ့ရက်အတိအကျကိုတော့ One Championship က မထုတ်ပြန်ပေးသေး ပါဘူး။

credit