ကမ္ဘာ့ နိုင်ငံတွေကိုပါ ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာဆိုရင် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာ တရုတ်နိုင်ငံ နယ်မြေ ၂၉ ခုမှာ ကူးစက်ခံရသူပေါင်း ၃၄၈၇၈ ဦးရှိပြီးတော့ ရောဂါပြင်းထန်ပြီး သေဆုံးသူ ၇၂၄ ဦးဖြစ်ပါတယ်။ ပြန်လည်သက်သာပျောက်ကင်းသွားသူ ၂၀၈၅ ဦးဖြစ်ပါတယ်။

ဝူ ဟန်ဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်းမှာပင် သေဆုံးသူ ၈၆ ဦးရှိပြီး လူပေါင်း ၃၃၉၉ ဦးကူးစက်ခံရတယ်လို့ သိရပါတယ်။ ဒီရောဂါပိုးဟာ တရုတ်နိုင်ငံ ဟူဘေပြည်နယ်ကို ဦးတည်ဖြစ်ပွားနေပါတယ်။

တ ရုတ်ပြင်ပနိုင်ငံတွေမှာလည်း နိုင်ငံပေါင်း ၂၇ နိုင်ငံကို ကူးစက်နေပြီးတော့ စင်္ကာပူနိုင်ငံကတော့ အဆင့် (၃) လိမ္မော်ရောင် အဖြစ်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့်စင်္ကာပူနိုင်ငံသားတွေဟာ ကုန်ခြောက်တွေကို အလုအယက်တိုးဝှေ့ဝယ်ယူနေကြတာကြောင့် ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

Writer – SMT ( Shwe Yaung Lan )