၂၀ ၂၀ ရန္ကုန္၊ ေဖေဖာ္ဝါရီ ၇

ေက်းရြာလမ္းခင္းရန္ႏွင္ ဘုန္းႀကီးေက်ာင္းတည္ေဆာက္ရန္အတြက္ မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ့နယ္ မရမ္းေခ်ာင္းေက်းရြာမွ ဦးတင္ဦးဆိုသူက ကိုယ္ပိုင္ေငြမ်ားကို ကေမၻာဇဘဏ္ေတြ စုေဆာင္းထားရွိရာ မသမာသူ လူတစ္စုက KBZ pay အေကာင့္မ်ားျဖင့္ခ်ိတ္ဆက္ခိုးယူမွု ျဖစ္ပြားခဲ့ ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ အဆိုပါ ေငြစုေဆာင္းသူသည္ က်ိဳက္ထိုၿမိဳ့ KBZ ဘဏ္ခြဲ တြင္ ေငြစုေဆာင္းထားၿပီး ေငြထုတ္ယူရန္သြားေသာအခါ ဘဏ္တာဝန္ ရွိသူက ၎၏စုေဆာင္းေငြမ်ား မရွိေတာ့ဘဲ KBZ pay ျဖင့္ အႀကိမ္ႀကိမ္ ထုတ္ယူသြားၿပီျဖစ္ေၾကာင္းေျပာခဲ့သည္။

အဆိုပါျဖစ္စဥ္အရေငြစုေဆာင္းသူမွာ ၎၏စုေဆာင္းေငြကို KBZpay ျဖင့္ ခ်ိတ္ဆက္ထားျခင္းမရွိသလို တစ္ႀကိမ္မၽွ ေငြထုတ္ယူျခင္း မရွိသည့္အတြက္ ခိုးထုတ္သြားသူမ်ားကို က်ိဳက္ထို ရဲစခန္းတြင္ အမွုဖြင့္လွစ္ထားေၾကာင္း သိရသည္။

ထို့အျပင္အဆိုပါေငြမ်ားကို မသမာေသာနည္းျဖင့္ ထုတ္ယူမွုကိုလည္း ေျဖရွင္းေပးရန္ ကေမၻာဇဘဏ္ဥကၠဌထံသို႔ အသနားခံစာ တင္ျပထား ေၾကာင္း သိရသည္။

TheSpeaker

ကျေးရွာလမ်းခင်းရန်နှင့် ဘုန်ကြီးကျောင်းဆောက်လုပ်ရေး အတွက် KBZ ဘဏ်တွင် စုဆောင်းထားသောငွေများကို ပိုင်ရှင်မသိဘဲ လူတစ်စုမှ ခိုးထုတ်မှုဖြစ်ပွား

၂၀၂၀ ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ကျေးရွာလမ်းခင်းရန်နှင် ဘုန်းကြီးကျောင်းတည်ဆောက်ရန်အတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာမှ ဦးတင်ဦးဆိုသူက ကိုယ်ပိုင်ငွေများကို ကမ္ဘောဇဘဏ်တွေ စုဆောင်းထားရှိရာ မသမာသူ လူတစ်စုက KBZ pay အကောင့်များဖြင့်ချိတ်ဆက်ခိုးယူမှု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ငွေစုဆောင်းသူသည် ကျိုက်ထိုမြို့ KBZ ဘဏ်ခွဲ တွင် ငွေစုဆောင်းထားပြီး ငွေထုတ်ယူရန်သွားသောအခါ ဘဏ်တာဝန် ရှိသူက ၎င်း၏စုဆောင်းငွေများ မရှိတော့ဘဲ KBZ pay ဖြင့် အကြိမ်ကြိမ် ထုတ်ယူသွားပြီဖြစ်ကြောင်းပြောခဲ့သည်။

အဆိုပါဖြစ်စဉ်အရငွေစုဆောင်းသူမှာ ၎င်း၏စုဆောင်းငွေကို KBZpay ဖြင့် ချိတ်ဆက်ထားခြင်းမရှိသလို တစ်ကြိမ်မျှ ငွေထုတ်ယူခြင်း မရှိသည့်အတွက် ခိုးထုတ်သွားသူများကို ကျိုက်ထို ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့အပြင်အဆိုပါငွေများကို မသမာသောနည်းဖြင့် ထုတ်ယူမှုကိုလည်း ဖြေရှင်းပေးရန် ကမ္ဘောဇဘဏ်ဥက္ကဌထံသို့ အသနားခံစာ တင်ပြထား ကြောင်း သိရသည်။

TheSpeaker