ပြီး ခဲ့တဲ့ Myanmar Idol Season 4 ရဲ့ Result Show ကို ဒိုင်ဖြစ်သူတစ်ယောက်ဖြစ်တဲ့ ဝါရင့်အဆိုတော်ဦးအောင်ကိုလတ်တစ်ယောက်မတက်ရောက်နိုင်ခဲ့တာကိုတော့ ပရိသတ်ကြီး သိရှိပြီးသားဖြစ်မှာပါနော်။

အခုလို ဦးအောင်ကိုလတ်မတက်ရောက်နိုင်ခဲ့ဲတာကတော့ သူ့ရဲ့ ရုတ်တရက်ဆိုးရွားလာတဲ့ ကျန်းမာရေးကြောင့်ဖြစ်ပြီး ဒီအကြောင်းကို ဒိုင်တစ်ယောက်ဖြစ်သူ မတင်ဇာမော် က ရှင်းပြလာခဲ့တာပါ။ မတင်ဇာမော်က ဦးအောင်ကိုလတ်ရဲ့ ကျန်းမာရေး အခြေအနေကို ပြောပြလာခဲ့တာဖြစ်ပြီး သူဟာ အစာအိမ်မှာအစားမှားလို့ ဝေဒနာရှိတယ်လို့ပြောကြားခဲ့တာပါ။ဒီလိုဝေဒနာမျိုးဟာ ဦးလတ်အတွက် မြန်မာအိုင်ဒေါ Season 4 မှာဒုတိယမြောက် ဖြစ်ပြီးဘားအံကို သွားတုန်းကလည်း ဒီလိုမျိုး ညတွင်းချင်း ဆေးရုံတန်းတင်ရတာမျိုးဖြစ်ခဲ့ဖူးတယ်လို့လည်းမတင်ဇာမော်က ဆိုပါတယ်။ဦးလတ်ဟာ သရုပ်ဆောင်နဲ့ဒါရိုက်တာအလုပ်တွေလည်း လက်ခံလုပ်ကိုင်နေသူဖြစ်တာကြောင့်ဖိအားအလွန်များပြီး မြန်မာအိုင်ဒေါမှာ ဒိုင်အဖြစ်ဆောင်ရွက်ရတာဟာလည်း အမြင်မတူသူတွေရှိတာကြောင့် ဖိအားအလွန်များတဲ့အလုပ်ဖြစ်နေတာက ဦးလတ်အတွက် ရောဂါကိုပိုဆိုးစေတာဖြစ်နိုင်တယ်လို့လည်း မတင်ဇာမော်က ခန့်မှန်းပြောဆို သွားခဲ့တာပါ။

ဒါကတော့ ဦးအောင်ကိုလတ်ရဲ့ကျန်းမာရေးအခြေအနေကိုမတင်ဇာမောင်က တစေ့တစောင်းပြောဆိုခဲ့တာကို ပြန်လည်ဖော်ပြခဲ့တာပါ။မတင်ဇာမော်ရဲ့ အင်တာဗျူးလေးကိုတော့ အပြည့်အစုံနားထောင်နိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Video – Popular Journal

Writer – Magic (Shwe Yaung Lan)

Zawgyi

ၿပီး ခဲ့တဲ့ Myanmar Idol Season 4 ရဲ့ Result Show ကို ဒိုင္ျဖစ္သူတစ္ေယာက္ျဖစ္တဲ့ ဝါရင့္အဆိုေတာ္ဦးေအာင္ကိုလတ္တစ္ေယာက္မတက္ေရာက္နိုင္ခဲ့တာကိုေတာ့ ပရိသတ္ႀကီး သိရွိၿပီးသားျဖစ္မွာပါေနာ္။

အခုလို ဦးေအာင္ကိုလတ္မတက္ေရာက္နိုင္ခဲ့ဲတာကေတာ့ သူ႔ရဲ့ ႐ုတ္တရက္ဆိုးရြားလာတဲ့ က်န္းမာေရးေၾကာင့္ျဖစ္ၿပီး ဒီအေၾကာင္းကို ဒိုင္တစ္ေယာက္ျဖစ္သူ မတင္ဇာေမာ္ က ရွင္းျပလာခဲ့တာပါ။ မတင္ဇာေမာ္က ဦးေအာင္ကိုလတ္ရဲ့ က်န္းမာေရး အေျခအေနကို ေျပာျပလာခဲ့တာျဖစ္ၿပီး သူဟာ အစာအိမ္မွာအစားမွားလို႔ ေဝဒနာရွိတယ္လို႔ေျပာၾကားခဲ့တာပါ။ဒီလိုေဝဒနာမ်ိဳးဟာ ဦးလတ္အတြက္ ျမန္မာအိုင္ေဒါ Season 4 မွာဒုတိယေျမာက္ ျဖစ္ၿပီးဘားအံကို သြားတုန္းကလည္း ဒီလိုမ်ိဳး ညတြင္းခ်င္း ေဆး႐ုံတန္းတင္ရတာမ်ိဳးျဖစ္ခဲ့ဖူးတယ္လို႔လည္းမတင္ဇာေမာ္က ဆိုပါတယ္။ဦးလတ္ဟာ သ႐ုပ္ေဆာင္နဲ႔ဒါရိုက္တာအလုပ္ေတြလည္း လက္ခံလုပ္ကိုင္ေနသူျဖစ္တာေၾကာင့္ဖိအားအလြန္မ်ားၿပီး ျမန္မာအိုင္ေဒါမွာ ဒိုင္အျဖစ္ေဆာင္ရြက္ရတာဟာလည္း အျမင္မတူသူေတြရွိတာေၾကာင့္ ဖိအားအလြန္မ်ားတဲ့အလုပ္ျဖစ္ေနတာက ဦးလတ္အတြက္ ေရာဂါကိုပိုဆိုးေစတာျဖစ္နိုင္တယ္လို႔လည္း မတင္ဇာေမာ္က ခန႔္မွန္းေျပာဆို သြားခဲ့တာပါ။

ဒါကေတာ့ ဦးေအာင္ကိုလတ္ရဲ့က်န္းမာေရးအေျခအေနကိုမတင္ဇာေမာင္က တေစ့တေစာင္းေျပာဆိုခဲ့တာကို ျပန္လည္ေဖာ္ျပခဲ့တာပါ။မတင္ဇာေမာ္ရဲ့ အင္တာဗ်ဴးေလးကိုေတာ့ အျပည့္အစုံနားေထာင္နိုင္ဖို႔အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Video – Popular Journal

Writer – Magic (Shwe Yaung Lan)