ဒ ဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပင်လုံလမ်းပေါ်ရှိ CB Bank ကို ယနေ့ နံနက်အစောပိုင်းက အငှားယာဉ်နံပါတ် CC-9965 နံပါတ်ဖြင့် စီးလာသော ယာဉ်ပေါ်မှ လူ နှစ်ဦးက ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

CB ဘဏ်ခွဲမှ ကျပ်သိန်း ၆၀၀ ဓားပြတိုက်သွားပြီး ထားရှိခဲ့သောဗုံးမှာလည်း အတုဖြစ်ကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်ကပြောသည်။

အဆိုပါ တရားခံ နှစ်ဦးဟာ ယခုအချိန်ထိလွတ်မြောက်နေပြီး ၎င်းတို့စီးနင်းလာတဲ့ မော်တော်ယာဉ် CC-9965 Probox အမျိုးအစား မော်တော်ယာဉ်ကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ ဖမ်းမိထားတယ်လို့ ကနဦးသတင်းရရှိထားပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ CB ဘဏ်ခွဲတွင် ယနေ့(ဖေဖော်ဝါရီလ ၇ ရက်)၊ နံနက်ပိုင်းက ကျပ်သိန်း ၆၀၀ ဓားပြတိုက်ခံရပြီး ဗုံးထောင်ထားခဲ့ခြင်းဖြစ်သည်။

Credit –