America’s Got Talent ကိုေ တာ့ ပရိတ် သတ်ကြီးတော်တော်များများက သိရှိပြီးဖြစ်ကြမှာပါ။ ဒီပြိုင်ပွဲကြီးက ပါရမီ ရှိသူတွေကို မွေးထုတ်ပေးတဲ့ပွဲကြီးပဲဖြစ်ပါတယ်။ ဒီပြိုင်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုတာ တော်တော်လေးခက်ခဲပါတယ်။ ဒ့ါထက် ပိုပြီး ခက်ခဲတာကတော့ Winner ဖြစ်ဖို့ပါပဲ။ အခုဆိုရင် ဒီပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့အတွက် ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံမှာ ကျင်းပတဲ့ Myanmar Got Talent က Winner တွေဟာ ထွက်ခွာသွားခဲ့ကြပြီးဖြစ်ပါတယ်။ သူတို့ကတော့ Junior Creative လို့နာမည်ရတဲ့ Shadow Art အဖွဲ့ပဲဖြစ်ပါတယ်။

မြန် မာနိုင်ငံမှာလည်း ထူးခြားဆန်းသစ်တဲ့ ဖျော်ဖြေမှုတွေကို ပြသပေးနိုင်တဲ့ Junior Creative အဖွဲ့ဟာ အမေရိကမြေပေါ်မှာ ထူးခြား ဆန်းသစ်မှုတွေနဲ့ တစ်ကမ္ဘာလုံးကို သိမ်းပိုက်လိုက်နိုင်ခဲ့ပါတယ်။ Junior Creative အဖွဲ့ရဲ့ တင်ဆက်မှုကတော့ စစ်ပွဲကြောင့် ဝေးကွာသွားရတဲ့ လူတွေရဲ့ ဖြစ်ရပ်လေးကို ဖော်ကျူးထားတဲ့ Shadow Art လေးကို တင်ဆက်ခဲ့တာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကပါ မှင်သက်သွားစေနိုင်တဲ့ မြန်မာလူငယ်လေးတွေရဲ့ ဖန်တီးထားမှုပဲဖြစ်ပါတယ်။

မြန် မာဂုဏ်ကိုဆောင်ခဲ့တဲ့ အဆိုပါ Jc အဖွဲ့ဟာ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံ လူမှုကွန်ယက်မှာ သူတို့ ပြန်လည် ပြုလုပ်ထားတဲ့ Shadow Art ဗီဒီယိုဖိုင်လေး တော်တော်လေးကို ပြန့်နှံ့နေကြပါတယ်။ သူတို့ရဲ့ ဖန်တီးမှုတွေဟာ မြန်မာနိုင်ငံမှာ စွန့်ဦး တီထွင်သူတွေပဲဖြစ်ပါတယ်။ ယခုလည်း Morisaki Win နဲ့ Hirahara Ayaka တို့ရဲ့ တကယ်လို့(MOSHIMO) ဆိုတဲ့ သီချင်းလေးကို ပြန်လည် တီထွင် ဖန်တီးထားပါတယ်။ ပရိတ်သတ်ကြီးရေ JC တို့ရဲ့ ဖန်တီးနိုင်မှုစွမ်းအားကတော့ တော်တော်လေးကို လေးစားဖို့ကောင်းပါတယ်။ ပရိတ်သတ်ကြီးအတွက် JC တို့ ပြန်လည် ဆန်းသစ်ထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်………။

Writer – ME( Shwe Yaung Lan )
video source:Junior Creative