နားတွေ မှာ နားဖာချေးတွေ ရှိတာကြောင့် လူတွေဟာ တစ်ပတ်တစ်ခါပဲဖြစ်ဖြစ် နှစ်ပတ်တစ်ခါပဲဖြစ်ဖြစ် နားသန့်ရှင်းရေးလုပ်တတ်ကြပါတယ်….

ဒီလိုလုပ်ဆောင်တဲ့အခါမှာ တချို့က နားဖာကလော်တံနဲ့ ဖြစ်ဖြစ် တချို့က ဂွမ်းလေးတွေနဲ့ လုပ်ထားတဲ့ နားကြပ်တံနဲ့ ဖြစ်ဖြစ် ပြုလုပ်ကြတာပါ….

နား ကို ဝါဂွမ်းပါတဲ့ နားကြပ်တံလေးနဲ့ သန့်ရှင်းရေးလုပ်ဆောင်ရာမှာ ဂရုတစိုက်ရှိဖို့ ဆရာဝန်တွေက ဆိုထားပါတယ်…ဒါပေမဲ့ လူတစ်ဦးဟာ နားသန့်ရှင်းရေးလုပ်ရင်း နားကြပ်တံ နားထဲမှာ ကျိုးကျန်ရစ်ပြီး နားပင်းသွားတဲ့အထိ ဖြစ်ခဲ့ရလို့ ခုလို သတိပေးလာတာပဲ ဖြစ်ပါတယ်။

လူတစ်ဦးဟာ ဝါဂွမ်းနားကြပ်တံနဲ့ နားကြပ်ရာမှာ နားကြပ်တံကျိုးပြီး နားထဲကျန်ခဲ့ပါတယ်…နားစည်ကို နားကြပ်တံက ထောက်ထားတာကြောင့် နားကန်းလုမတတ်ဖြစ်ခဲ့ပါတယ်…အဆိုပါလူနာရဲ့ နားထဲကနေ ဆရာဝန်တွေက နားကြပ်တံကို ကြိုးစားပမ်းစား ထုတ်ယူပေးခဲ့ရပါတယ်…

ကံကောင်းထောက်မလို့ နားကန်းမဲ့ဘေးကနေ လွတ်ခဲ့ရတာပါ…ဒါကြောင့် ပရိသတ်ကြီးတို့လည်း နားကြပ်တံသုံးပြီး နားကြပ်တော့မယ်ဆိုရင် သတိထားကြဖို့ စေတနာနဲ့ အသိပေးလိုက်ရပါတယ်နော်..

Writer – HW (Shwe Yaung Lan)
Source : ladbible