တရု တ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကို စောင့်ကြည့် ထိန်းချုပ်မှုတွေ ပြုလုပ်လျက်ရှိပါတယ်…ကိုယ်အပူချိန်တိုင်းတာတဲ့ ကိရိယာတွေနဲ့လည်း စစ်ဆေးကြပ်မတ်နေသလို အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီးလည်း ဗိုင်းရပ်စ်ကူးစက်သူတွေကို ဖော်ထုတ်ရှာဖွေနေတာဖြစ်ပါတယ်…..

အဆင့်မြင့်နည်းပညာဖြစ်တဲ့ ဒရုန်းကနေတစ်ဆင့် လူတွေကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိမရှိ တရုတ်ကစောင့်ကြည့်နေတာပါ….

အနီအောက်ရောင်ခြည် Camera ကင်မရာ တပ်ဆင်ထားတဲ့ ဒရုန်းယာဉ်ငယ်တွေနဲ့ ကောင်းကင်ကနေ ပျံသန်းရင်း ကိုယ်အပူချိန် မြင့်တက်နေတဲ့ လူတွေကိုစောင့်ကြည့်တဲ့ နည်းပညာဖြစ်ပါတယ်….. အဆိုပါ ကင်မရာက လူတွေရဲ့ကိုယ်အပူလိုင်းတွေကို ဖော်ပြနေပြီး အပူချိန်မြင့်တက်နေသူတွေကို တွေ့ရင် ရဲနဲ့ ဆေးဝန်ထမ်းတွေက ဆေးစစ်ဖို့အတွက် ခေါ်ယူထိန်းသိမ်းသွားမှာဖြစ်ပါတယ်…

ခုလို အဆင့်မြင့်နည်းပညာကိုပါအသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်ဆောင်ရွက်နေတဲ့ သတင်းလေးကို ပရိသတ်ကြီးတို့သိအောင် မျှဝေလိုက်ရပါတယ်..

Writer – HW (Shwe Yaung Lan)
Source : World news