ရန် ကုန်၊ ဖေဖော်ဝါရီ (၇)

ဝူ ဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သံသယရှိသူ (၅)ဦး ရှမ်းပြည်နယ် တရုတ် နယ်စပ် မူဆယ်မြို့သို့ ရောက်ရှိ နေသည်ဟု တရုတ်နိုင်ငံ ရွှေလီရဲဌာနက ယမန်နေ့ (ဖေဖော်ဝါရီ ၆) အကြောင်းကြားလာ၍ ၎င်းတို့ကို ရှာဖွေ နေကြောင်း မူဆယ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဝူဟန်မြို့မှ တရုတ်နိုင်ငံသား (၅)ဦးသည် ရွှေလီမှ တစ်ဆင့် မူဆယ်သို့ရောက်ရှိနေပြီး ၎င်းတို့တွင် ကိုရိုနာ ဗိုင်းရပ်ရောဂါပိုးကူးစက်ထားရသည်ဟု သံသယရှိပြီး မြန်မာနိုင်ငံသို့ ကူးစက်နိုင်၍ ကြိုတင်ကာကွယ်နိုင် ရန်အတွက် အကြောင်းကြားရခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ရွှေလီရဲဌာနက သတင်းထုတ်ပြန်ထားသည်။

၎င်းတို့ (၅)ဦးကို တွေ့ရှိပါက တရုတ်နိုင်ငံဘက်သို့ အမြန်ဆုံးအကြောင်းကြားပေးရန်နှင့် မတွေ့ရှိမှီ ရောဂါ ကူးစက် မခံရရေး ဂရုစိုက်ကြရန် တရုတ်နိုင်ငံ ရွှေလီရဲဌာနဘက်မှ အကြောင်းကြားထားသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၆၀၀ ကျော် သေဆုံး ၃၀၀၀၀ ကျော် ရောဂါကူးစက်ခံထားရပြီး နိုင်ငံပေါင်း ၂၀ ကျော်တွင် အဆိုပါဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့လျှက်ရှိသည်။

ဖေဖော်ဝါရီ ၆ ရက် ညနေ အချိန်အထိ မြန်မာတစ်နိုင်ငံလုံးတွင် သံသယလူ နှစ်ဦး အပါအဝင် လူနာ (၇)ဦးတို့ကို သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေ သက်သာကောင်းမွန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်

Credit-Blacker