ရန် ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် CB ဝန်ထမ်းများကို အမျိုးသား၂ဦးက သေနတ်ဖြင့်ချိန်းခြောက်ကာ ငွေသိန်း ၆၀၀ ယူဆောင်ထွက်ပြေးမှု ယနေ့ (ဖေဖော်ဝါရီ ၇)နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စ ဉ်မှာ ဘဏ် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူကို အမည်မသိ အမျိုးသားနစ်ဦးမှ သေနတ်နှင့် ထောက်ကာ ဘဏ် အ တွင်း သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကောင်တာရှိဝန်ထမ်းအမျိုးသမီးကို သေနတ်ဖြင့်ချိန်၍ ငွေ သိန်း ၆၀၀ (ကျပ်၁သောင်းတန်အုပ်) ယူဆောင်ခဲ့ကြောင်း၊ထို့နောက် ဘဏ်အတွင်း မိုင်းနှစ်လုံးထောင်ခဲ့ပြီး အဖြူရောင် ပရိုဘောက်ဖြင့် ဘဏ်အရှေ့မှ (၃၅) ရပ်ကွက် အဏ္ဏဝါ လမ်းအတိုင်း ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ကနဦး သိရ သည်။အဆိုပါနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
Credit-NewsWatch