အမျိုး သမီးငယ်တစ်ယောက်ဟာ သူမကို အဓမ္မကျင့်ဖို့ ကြိုးစားတဲ့သူကို လှည့်ဖျားပြီး ရုန်းထွက်နိုင်ခဲ့ပါတယ်။ သူမက အဓမ္မကျင့်ဖို့ ကြိုးစားသူကို “ကျွန်မမှာ ဝူဟန်ဗိုင်းရပ် ကူးစက်ခံထားရတယ်”လို့ ပြောခဲ့တာပါ။ အဓမ္မသမားဟာ အတော်လေး တှုန်လှုပ်ခြောက်ခြား သွားခဲ့ပါတယ်။ အမျိုးသမီးက ” ကျွန်မ အခုမှ ဝူဟန်ကနေ ပြန်လာခဲ့တာနော် … အခု ဗိုင်းရပ်စ်လည်း ကူးခံနေရတယ် … “လို့ ခြောက်လှန့်ခဲ့တာပါ။ အဓမ္မသမားဟာ နေရာကနေ ချက်ချင်းလှည့်ပြေးခဲ့ပါတယ်။ အခင်းဖြစ်စဉ်အစမှာ အဆိုပါ အမျိုးသမီးဟာ နေအိမ်မှာ အိပ်နေပါတယ်။

အဲဒီ အချိန်မှာ လူတစ်ယောက်ဟာ နေအိမ်အတွင်းကို ဖောက်ထွင်းဝင်ရောက်ခဲ့ရာ၊ အိပ်နေတဲ့ အဆိုပါအမျိုးသမီးကို ဝင်လုံးခဲ့ပါတယ်။ အဆိုပါ နေအိမ်ဟာ ဝူဟန်မြို့အနီး Jingshan မြို့မှာ တည်ရှိတာပါ။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့အပတ် သောကြာနေ့က ဖြစ်ခဲ့တာပါ။ အမျိုးသမီးရဲ့အမည်ကို Yi လို့ ဖော်ပြထားပြီး၊ သူမဟာ အမျိုးသားက ဝင်လုံးကတည်းက ရုတ်တရက် သတိရပြီး ချောင်းတွေကို တဟွတ်ဟွတ်ဆိုးပြပြီး၊ မင်းသမီးတစ်ယောက်လို လှည့်ဖျားဟန်ဆောင်ခဲ့တာပါ။ ဝင်ရောက်ဖောက်ထွင်းသူကတော့ Xiao လို့သိရပြီး၊ အသက်(၂၅)နှစ်ပါ။ Xiao ဟာ Chongqing မြို့အနီးက Pingba မြို့သားဖြစ်ပါတယ်။ Yi ဟာ ရဲတပ်ဖွဲ့ကို ချက်ချင်းဖုန်းဆက် တိုင်ခဲ့တာပါ။ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းခဲ့ပေမယ့် တနင်္လာနေ့မနက်မှာ တရားခံကို ဖခင်ကိုယ်တိုင်စခန်းကို လာအပ်ခဲ့ပါတယ်။ သူကတော့ ပစ္စည်းခိုးဖို့ ဝင်ရောက်ခဲ့တာလို့သာ ဖြောင့်ချက်ပေးထားပါတယ်။

လင်းဇော်ကို (D Nae Khit)