လူတွေ ကို ဒုက္ခပေးနေတဲ့ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေးရပြီလို့ တရုတ်ပညာရှင်တွေ ကြေညာလိုက်ပါပြီ ဝူဟန်မြို့ရဲ့ ဆေးသိပ္ပံပညာရှင်တွေက ရမ်ဒက်စဗာဆေးကို ဗိုင်းရပ်စ်ပျောက်ဆေးအဖြစ် စတင်သုံးစွဲတော့မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်..

ဗိုင်း ရပ်စ်ပျောက်ဆေးကို ကြာသပတေးနေ့မှာ စတင်စမ်းသပ်သုံးစွဲမှာဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (MOST), အမျိုးသားကျန်းမာရေး ကော်မရှင် နဲ့ အမျိုးသားဆေးဝါးလုပ်ငန်းဝန်ကြီးဌာနတွေဆီကလည်း ထောက်ခံချက်ရပြီးပါပြီ.. တရားဝင်သတင်းထုတ်ပြန်ချက်အရ ကိုရိုနာရောဂါကူးစက်ခံရသူတွေကို ရွေးချယ်ပြီး ပထမအသုတ်အနေနဲ့ ယနေ့ ကြာသပတေးနေ့မှာ စမ်းသပ်ကုသပေးမှာဖြစ်ပါတယ်

ရမ်ဒ က်ဆီဗာဆေးကို အမေရိကန်ဆေးဝါးကုမ္ပဏီ Gilead က စမ်းသပ်ဖော်ထုတ်ထားတာ ဖြစ်တယ်။ Gilead ဟာ HIV ကာကွယ်ဆေး၊ ဘီပိုး၊ စီပိုး၊ တုတ်ကွေးရောဂါကာကွယ်ဆေးတွေကို WHO နဲ့ပူးပေါင်းထုတ်လုပ်နေတဲ့ အမေရိကန် ကုမ္ပဏီဖြစ်ပါတယ်..ရမ်ဒက်ဆီဗာဆေးဟာ ဆားစ်နဲ့မားစ်ရောဂါတွေကို တိုက်ဖျက်နိုင်တဲ့အပြင် အီဘိုလာကိုလည်း ပျောက်ကင်းစေနိုင်တယ်လို့ ဒေါက်တာကာအိုက ပြောဆိုခဲ့ပါတယ်..

ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေး ရမ်ဒက်စ်ဆီဗာကို တိရစ္ဆာန်တွေနဲ့ စမ်းသပ်ကြည့်တဲ့ အခါ ရောဂါပိုးပျောက်ကင်းသွားတယ်လို့ ဒေါက်တာကာအိုက ဆက်လက်ပြောကြားခဲ့ပါတယ်… ကနဦးဗိုင်းရပ်စ်ပျောက်ဆေးစမ်းသပ်ဖို့ လူနာ ၇၆၁ ဦးကို ရွေးချယ်ထားပြီး ဝူဟန်မြို့က အထူးဆေးရုံတွေမှာ စမ်းသပ်သွားမယ်လို့ သိရပါတယ်..

တရုတ်ဆေးသိပ္ပံအသင်းဥက္ကဌဝမ်ချန်းက ရမ်ဒက်ဆီဗာဆေးအပေါ် မျှော်လင့်ချက် ကြီးစွာထားရှိကြောင်း၊ အကျိုးရလဒ်ကောင်း မွန်ဖို့မျှော်လင့်ကြောင်း ပြောကြားထားပါတယ်..ရလဒ်ကောင်းထွက်ဖို့ မျှော်လင့်နေပါတယ်..ဒီဆေးကို အမေရိကန်က ထုတ်လုပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က သူတို့ဆေးကို အသုံးပြုရန် တရုတ်ကို ကမ်းလှမ်းခဲ့ပါတယ်။ တရုတ်က ကမ်းလှမ်းချက်ကို လက်ခံလိုက်ပုံရပါတယ်။ ယနေ့ ပထမအဖွဲ့ စမ်းသပ်ကုသမှာဖြစ်လို့ အရမ်းပဲပျော်ရွှင်နေကြပါတယ်။

ပုံ..ဗိုင်းရပ်စ်ပျောက်ဆေးသတင်းကြေညာအပြီး ပျော်ရွှင်နေသော တရုတ်ဆရာဝန်များ

ကိုးကား ဆင်ဟွာသတင်းဌာန