လင်း နို့တွေဟာ လူသားတွေအပြင် သတ္တဝါတော်တော်များများကို အန္တရာယ်ပေးနိုင်ပါတယ်။ သူဟာ ရောဂါပိုးမွှားတွေကို ဖြန့်ဝေနေတဲ့ သတ္တဝါပဲဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ လူသားအားလုံး ထိတ့်လန့်နေတဲ့ ရောဂါပိုးတစ်ခုဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ် ကလည်း လင်းနို့တွေက စတယ်လို့ ပြောစမှတ်ပြုနေကြပါတယ်။ အဆိုပါ လင်းနို့တွေဟာ ရောဂါပိုးတွေကို သယ်ယူပြီး သူတို့ ခန္ဓာကိုယ်မှာလည်း ပိုးမွှားများစွာကို သယ်ဆောင်ထားကြပါတယ်။ ယခု ဩစတြေးလျ နိုင်ငံမှာလည်း လူတွေအပြင်မထွက်ရဲလောက်အောင် လင်းနို့တွေ သောင်းကျန်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခုပြန့်နှံ့ခဲ့ပါတယ်။

ပြီး ခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က Mail Online မီဒီယာမှ ယင်းအကြောင်းအရာကို မျှဝေခဲ့တာဖြစ်ပါတယ်။ သြစတေးလျနိုင်င်ငံ၊ ကွင်းစ်လန်းနယ်ပိုင်းက Ingham မြို့လေးမှာ လင်းနို့ အကောင်ရေပေါင်း ထောင်ချီပြီး ကောင်းကင်ယံမှာ ပျံသန်းနေတာကြောင့် မြို့ခံလူထုဟာ ထိတ့်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ မြို့ရဲ့ မြို့တော်ဝန်ကလည်း လင်းနို့တွေရဲ့ အန္တရာယ်ပြုမှုကို ခံစားနေရတယ်လို့ သတိပေးခဲ့ပါတယ်။ အဆိုပါ မြို့လေးဟာ ပြီးခဲ့တဲ့ လတွေကမှ လင်းနို့တွေ အရမ်းကိုများပြားလာပြီး၊ လင်နို့အကောင်ရေ ၃ သိန်းကျော်ထိ ရှိလာတယ်လို့ ဆိုပါတယ်။

ဒေသခံတွေဟာ သူတို့ရဲ့ သားသမီးတွေကို လင်းနို့တွေရဲ့ အန္တရာယ်ကြောင့် ခုရက်ပိုင်းအတွင်း ကျောင်းမတက်ခိုင်းဘူးလို့ သိရပါတယ်။ ကလေးငယ်တွေဟာလည်း ယခုလို လင်းနို့ပေါင်း သိန်းချီ ရှိနေတာကြောင့် ကြောက်ရွံနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ Australian Bat Lyssavirus ဆိုတဲ့ ခွေးရူးပြန်ရောဂါပုံစံမျိုးကို လင်းနို့တွေဟာ သယ်ဆောင်လာတတ်ကြပါတယ်။ ယင်းရောဂါကြောင့် လွန်ခဲ့တဲ့ နှစ်များစွာက အဆိုပါ မြို့ဒေသခံ ၃ ဦးဟာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ယခုအခါမှာတော့ အဆိုပါမြို့ရဲ့ ဒေသခံတွေဟာ လင်းနို့တွေကြောင့် ကြောက်လန့်နေတယ်လို့ သိရပါတယ်။

Writer – ME( Shwe Yaung Lan )
video source:Mail Online

ရုပ်သံကြည့်ရန် 1

ရုပ်သံကြည့်ရန် 2