အသစ်ေ ပ်ါလာသည့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးအတွက် ၁၀ ရက်ဆက်တိုက်အနားမယူဘဲ အလုပ်လုပ်သည့် တရုတ်ဆရာဝန် နှလုံးဖောက်ကာ သေဆုံးသွားကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တရုတ်သတင်းများက ဆိုသည်။ အသက် ၂၇ နှစ်အရွယ် ဆောင်ယင်ဂျီသည်ရောဂါပိုး စတင်ဖြစ်ပွားရာ ဟူဘီပြည်နယ်နှင့်ကပ်လျက် ဟူနန်ပြည်နယ်ရှိ ဆေးခန်းတွင်ခေါင်းဆောင်ဆရာဝန်ဖြစ်သည်။ ၎င်းက အမြန်လမ်းမကြီးတွင် ကားမောင်းနှင်လာသည့်ယာဉ်မောင်းများနှင့် ကားပေါ်ပါလာသည့် ခရီးသည်များကို ကိုယ်အပူချိန်တိုင်းပေးသည့် ဆေးအဖွဲ့အားဦးဆောင်ရသည်။

ထို ဆရာဝန်သည် ဇန်နဝါရီလ ၂၅ ရက်ကတည်းက ဆက်တိုက်အလုပ်လုပ်ခဲ့သည်ဟု အရာရှိများက ဆိုသည်။ ယင်းရောဂါပိုးကို တိုက်ဖျက်ရန်အတွက် တရုတ်တလွှားရှိဆရာဝန်များ နေ့မအား၊ ညမနား အလုပ်လုပ်နေရပြီး ထိုဆရာဝန်များကို လူထုက ချီးကျူးဂုဏ်ပြုနေကြချိန်တွင် ဆရာဝန်တစ်ဦး ကျဆုံးသွားပြန်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အပြင်းထန်ဆုံး ကူးစက်ဖြစ်ပွားနေတဲ့ ဟူပေပြည်နယ် အာဏာပိုင် တွေက သေဆုံးသူ ၇၃ ဦး ထပ်တိုးခဲ့ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၆) မှာ ထုတ်ပြန်ခဲ့တာကြောင့် နိုင်ငံတ၀န်း ယင်းဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးသူအရေအတွက် ၅၆၃ ဦးရှိလာခဲ့ပြီဖြစ်ပါတယ်။

ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင်က ပိုးကူးစက် လူနာ နောက်ထပ် ၃၆၉၄ ဦး ထပ်တွေ့ခဲ့တယ်လို့ လည်း ဆိုခဲ့ပါတယ်။ ယင်းကြောင့် စုစုပေါင်း ပိုးတွေ့ လူနာ ဦးရေ ၂၈၀၁၈ ဦး ရှိသွားခဲ့ပြီလို့  အတည်ပြုထားပါတယ်။