လက် ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအဖြစ် သံသယရှိသူ တစ်ဦးရန်ကုန်- ကွမ်ကျိုး ခရီးစဉ်မှာ ပါလာခဲ့ပါတယ်။ အဲ့ဒီလူနာ ရန်ကုန်လေဆိပ်ကို ရောက်လာခဲ့ပြီးတော့ လေယာဉ်ပေါ်မှ ဆင်းသက်ခွင့်ပြု မပြုဖို့ အတန်ကြာ ဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ သံသယရှိသူ တရုတ်နိုင်ငံ ဝူဟန်မြို့နယ်က လူကို ဝေဘာဂီဆေးရုံကို ပို့ဆောင်ထိမ်းသိမ်းထားတာပဲဖြစ်ပါတယ်။

ပြီးခဲ့ တဲ့ ရက်ကတော့ ကျန်းမာရေး ဝန်ကြီးဌာနက သံသယနဲ့ စောင့်ကြည့်နေတဲ့ လူနာတွေမှာ ရောဂါပိုး မတွေ့ရဘူးလို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် လက်ရှိမှာတော့ ဝေဘာဂီဆေးရုံမှာ တင်ထားတဲ့ တရုတ်နိုင်ငံသားဟာ အပြင်းအထန်ဖျားနေတာဖြစ်ပြီး ရောဂါပိုဆိုးလာတဲ့ သဘောရှိတယ်လို့သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူ ၂ ဦးအပါအဝင် ၈ ဦးရှိတယ်လို့သိရပါတယ်။ ဒီရောဂါပိုးဟာဆိုရင် အမြစ်ပြတ် တိုက်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။၎င်းကြောင့် သေဆုံးခဲ့သူတွေ များပြားနေပြီးတော့ ပြန်လည်ကောင်းမွန်သူတွေလည်းရှိပါတယ်။

Writer – SMT( Shwe Yaung Lan)