အႏၲရာယ္ ကင္း၍ လာဘ္႐ႊင္ရန္အတြက္
ခေရၫႊန္႔ ႏွင့္ သေျပၫႊန္႔ တို႔ကို ဘုရားပန္းအိုး တြင္ ၄င္း တံခါးေပါက္ တြင္ ၄င္း ထိုးပါ ( ၇ )ရက္ ၁ႀကိမ္ ေရလဲ ေပးပါ ။
အိမ္ ၏ ေတာင္ အရပ္ တြင္ ႏွင္းဆီပင္ကို စိုက္ထားပါ၊ စိုက္ရမည့္ နည္းမွာ တြင္း ကို တစ္ေထာင့္ထြာ ခန္႔ တူးၿပီး ေျမႀကီးထဲ တြင္
ေက်ာက္ေရာင္စံု မ်ဳိးစံု ( ၇ )မ်ဳိး ဆန္တစ္ဆုပ္ ေျမဇာျမက္ တစ္ဆုပ္ ေၾကးနီပိုက္ဆံ တစ္ျပား သံေခ်ာင္းတစ္ေခ်ာင္းကို ေရာ၍ ထည့္ၿပီးလွ်င္ သစ္ပင္ ကို ေ႐ႊရည္ ေငြရည္ ေလာင္းပါ ။
သစ္ပင္စိုက္မည့္ေန႔တြင္ ဥပုသ္ေစာင့္ ႏိုင္လွ်င္ေသာ္၄င္း ၊ သက္သတ္လႊတ္ စားႏိုင္လွ်င္၄င္း ၊ ေကာင္း၏ ( ထိုေန႔၌ ေမထုန္ မွီဝဲျခင္း မျပဳရ )
ကိုယ္စိုက္တဲ့ သစ္ပင္ေလးက အ႐ြက္ အခက္မ်ားျဖင့္ရွင္သန္လာေလ လာဘ္႐ႊင္ေလျဖစ္မည္၊ ၎သစ္ပင္ကို တနဂၤေႏြ၊ စေန၊ ဗုဒၶဟူးေန႔မ်ားတြင္ စိုက္ရပါမည္ ။
အလုပ္ရရန္အတြက္
ဤယၾတာကို အင္တာဗ်ဴး ေခၚၿပီး၊ အလုပ္ေလွ်ာက္ၿပီး၊ စာေမးပြဲ ေျဖၿပီးမွျပဳလုပ္ပါ …ေမွ်ာ္လင့္ထားသလို ေအာင္ျမင္ပါလိမ့္မည္ ။
အုန္း႐ြက္ေပၚတြင္ထိုင္၍ ထမင္းစားပါ၊ စားၿပီးပါက ၎အ႐ြက္ကို အေနာက္အရပ္သို႔ မိမိ၏ လိုအပ္ေသာ အႀကံအစည္ကိုရည္စူးၿပီးစြန္႔ပါ စိတ္အတြင္းမွ လူႀကီးမ်ားကို ေမတၱာပို႔ၿပီး စြန္႔ပါ ၉ရက္ ဆက္တိုက္ျပဳလုပ္ပါက ထူးျခားေသာ ေအာင္ျမင္မူရရွိပါလိမ့္မယ္ ။
ရန္ေျပေပ်ာက္ရန္အတြက္
မိမိကို စိတ္ဆင္းရဲ ကိုယ္ဆင္းရဲ ျဖစ္ေအာင္ အေႏွာင့္အယွက္အမ်ဳိးမ်ဳိး ရန္အသြယ္သြယ္ ျပဳေနေသာသူမ်ားကို မိမိ၏ရန္သူအျဖစ္မွ မိတ္ေဆြအျဖစ္ ျဖစ္လာေစရန္ ေအာက္ပါအတိုင္း ေဆာင္႐ြက္ပါ ။
မိမိရဲ႕သန္႔ရွင္းေသာအဝတ္စတစ္ခုကို ဇီးပင္တြင္ခ်ည္ၿပီး မက်ည္းကိုင္းျဖင့္ အသက္ေအာင့္ကာ ( ၉ ) ခ်က္ ရိုက္ပါ ။
အနဲဆံုး ( ၃ ) ႀကိမ္လုပ္ရပါမယ္ မိမိတို႔ အေနျဖင့္ ဆက္လက္လုပ္ကိုင္ပါက ပိုေကာင္းပါတယ္ ….
( ၉ ) ရက္ မွ ( ၂၁ )ရက္အတြင္း ရန္မ်ား ေျပေပ်ာက္ၿပီး ျပန္လည္ အဆင္ေျပလာပါမည္ ။
ရန္သူကို ေမတၱာပို႔ၿပီး ေအာင္ျမင္ရန္အတြက္
ကိုယ့္မွာအမူအခင္း တစ္စံုတစ္ရာ ျဖစ္ေစ၊ သူတစ္ပါးက ကိုယ့္ကိုမလိုမုန္းထားကာ အေႏွာင့္အယွက္ ေပးေနတာ ႀကံဳေနရပါက….
အေရွ႕ဘက္အရပ္ ကို မ်က္ႏွာမူကာ ဖက္သန္း႐ြက္ေပၚ ထိုင္ၿပီး ( ဗုဒၶံ သရဏံ ဂစၧာမိ၊ ဓမၼံ သရဏံ ဂစၧာမိ၊ သဃံာသရဏံ ဂစၧာမိ ) ဟူ၍ သရဏဂံုဂါထာကို ၉ရက္တိုင္တိုင္ ေန႔စဥ္ ၉ပတ္စီ ပုတီးစိပ္ပါ ။
ပုတီး စိပ္ၿပီးေသာအခါ မိမိ၏ စိတ္အာရံု မွာ မိမိကိုေသာက ေပးသူ၏ မ်က္ႏွာကို စိတ္ထဲျပႆနာ မျဖစ္ၾကခင္က မ်က္ႏွာထားကို ပံုေဖာ္ၿပီး ျမင္ေယာင္ကာ ေမတၱာပို႔ပါ ။
၉ရက္ တိုင္တိုင္ ေန႔စဥ္ ၉ပတ္ စီ စိပ္ၿပီးပါက ထိုသူႏွင့္ ေတြ႕ဆံုညႇိႏႈိင္းပါ ။ ကိုယ့္အေပၚ နားလည္မူေပးကာ ေမတၱာ ျဖင့္ ျပန္လည္ဆက္ဆံတာ ႀကံဳရပါမယ္ ။
ပညာေရး ကံေကာင္းရန္အတြက္
ႀကိဳက္တဲ့ယၾတာပဲလုပ္လုပ္ စာမက်က္ပဲ စာမလုပ္ပဲ မေအာင္ျမင္မွာ ကိုသတိျပဳပါ၊ ခုေျပာျပမယ့္ နည္းေလးက ဥံဳဖြ ေအာင္ဟ ဆိုၿပီး လုပ္လို႔ ရမယ့္နည္း မဟုတ္ပါ ။
စာက်က္ရင္း ဖတ္မွတ္ရင္း ေရွ႕ကစာေမ့ ေနာက္ကစာက်န္/ခုရၿပီး ခဏေန ျပန္ၿပီး ဖတ္ခ်ိန္ေမ့ကုန္တာ၊ စာေတြ ရွန္းၿပီး ဟိုကက်န္၊ ဒီက ခ်န္ စတာေတြ ျဖစ္တတ္သူေတြအတြက္ မွတ္ဥာဏ္ စြမ္းအား ျမႇင့္လာေစဖို႔ လုပ္တဲ့သေဘာျဖစ္ပါတယ္ ။
စာက်က္တဲ့ အခါတိုင္း ေတာင္အရပ္ကို မ်က္ႏွာ မျပဳပါနဲ႔ ၊ စာက်က္ခါနီး သူရႆတီမယ္ေတာ္ကို အာရံုျပဳ ၿပီးမွ ေမတၱာပို႔ၿပီးက်က္မွတ္ပါ ….
စာက်က္ေနတဲ့စားပြဲ ကုလားထိုင္( သို႔ ) ထိုင္ခင္းစတဲ့ ေအာက္မွာသရက္႐ြက္ကို ကပ္ထား ေပးပါ၊ ေျမေပၚထိုင္က်က္ပါက မိမိ၏လက္ရွိ က်က္မွတ္မယ့္ စာအုပ္ၾကားထဲညႇပ္ထားၿပီး က်က္ပါ ။
ဖတ္သမွ်စာ ေခါင္းထဲစြဲက်န္ၿပီး ေနာင္ကိုမေမ့ေတာ့ပဲ မွတ္ဥာဏ္မ်ား ပြင့္လန္းကာ ပညာေရးအဆင္ေျပလာပါမယ္။
အလုပ္တြင္ ၾသဇာရွိရန္အတြက္
ကိုယ္လုပ္ေနတဲ့ အလုပ္မွာ အထက္လူႀကီးကို တစ္စံုတစ္ရာ ေျပာရမွာ ခက္ခဲေနရင္၄င္း၊ လုပ္ငန္းတြင္းေဆြးေႏြး တိုင္ပင္မူမ်ားတြင္ မိမိစကား အေရးတယူ ျပဳေပး ေစလိုက၄င္း….
စိတ္မခ်ရေသာ ေအာက္လက္ငယ္သား ကိုကိုယ့္ စကားတည္ေစရန္ ၄င္း ၊ လုပ္ေနတဲ့အလုပ္ထဲက မိတ္ေဆြမ်ားနဲ႔ စကားေျပာရင္ အဆင္ေျပရန္၄င္း ၊ ေအာက္ပါအတိုင္းေဆာင္႐ြက္ပါ ။
ကိုယ့္အလုပ္စားပြဲက ကုလားထိုင္ ေအာက္မွာ ထန္း နဲ႔ အုန္း ႐ြက္ လက္တစ္ဆစ္ စီကပ္ထားပါ၊ ၄င္း အ႐ြက္ ကို မိမိ ၏ ဖိနပ္မွာ ကပ္ထားၿပီး စီးပါကလည္း ရပါတယ္ ။
ကုလားထိုင္နဲ႔ ဖိနပ္ေအာက္မွာ ထားရန္ အဆင္မေျပက မိမိကိုယ္မွာအၿမဲ ေဆာင္ထားႏိုင္ပါတယ္ ။
အႏၲရာယ္ကင္းအေဆာင္ရုပ္
ကိုယ့္မွာရန္အတိုက္အခိုက္ အေႏွာင့္အယွက္ အၿမဲကင္းၿပီး အဆင္ေျပေစဖို႔ အေဆာင္အျဖစ္ ေဆာင္ထားလိုပါက…
ဖက္သန္းျမစ္ကို ျခေသၤ့ရုပ္ထုၿပီး သန္႔ရွင္းစင္ၾကယ္တဲ့ ေရမွာစိမ္ကာ ဂုဏ္ေတာ္ကိုးပါးပုတီး ၁၀ ပတ္စိပ္ၿပီး အႏၲရာယ္ကင္း ဆုေတာင္းကာ၄င္း အရုပ္ကေလးကိုေဆာင္ထားပါ ။
ကုန္ေရာင္းရာမွာလာဘ္႐ႊင္ဖို႔အတြက္
ကိုယ္ ေရာင္းခ်င္တဲ့ ပစၥည္းေလးခပ္ျမန္ျမန္ ေရာင္းထြက္ေအာင္ ၊ အေရာင္းထိုင္းေနရင္ မထြက္ရင္ေရာင္းပန္းလွေအာင္ ေအာက္ပါအတိုင္းျပဳလုပ္ေပးပါ ။
ေရာင္းလိုေသာ ကုန္ပစၥည္းကို ဇီးကိုင္း( သို႔ ) ဇြန္ကိုင္းျဖင့္ အသက္ေအာင့္ကာ ႏႈတ္ဖ်ားမွ ထြက္ ထြက္ ဟု ႐ြတ္ၿပီး ၇ခ်က္ ရိုက္ပါ ။
ထိုသို႔ မၾကာခဏ လုပ္ေပးပါက အျမန္ဆံုး၂၁ရက္ ၊ အၾကာဆံုး ၄၅ရက္ အတြင္းမွာ ေရာင္းထြက္သြားပါမယ္ ။
က်န္းမာေရးခ်ဴခ်ာပါက…..
ေဆးဝါးကုသမူနဲ႔ ကိုယ္တလြဲေတြ ျဖစ္ေနရင္၊ ေဆးမစူး ၊ ေဆးမတိုးရင္ ၊ ေနထိုင္မေကာင္းတာ ရက္ရွည္လမ်ား ျဖစ္ေနရင္ ေအာက္ပါအတိုင္း ျပဳလုပ္ႏိုင္ပါတယ္ ။
ကိုယ့္ရဲ႕ အိပ္ယာေအာက္မွာ အုန္း႐ြက္နဲ႔ ဇီး႐ြက္အနည္းငယ္စီခင္းအိပ္ ထားကာ မနက္မွာ အိမ္ ရဲ႕ ေတာင္အရပ္မွာ ၄င္းတို႔ကို စြန္႔ပါ မၾကာခဏလုပ္ပါ ။
ေရာဂါေဝဒနာ အႀကီးမ်ား ခံစားေနရပါက ဆန္ ၉ဆုပ္ကို အိပ္ယာ ေခါင္းရင္းမွာထား အိပ္ပါ ။ မနက္တြင္ ကုန္းသတၱဝါ ၊ေရသတၱဝါ မ်ားကိုေကြၽးပါ ။ သံုးႀကိမ္ ျပဳလုပ္ရပါမယ္ ။
လာဘ္လာဘ႐ႊင္လန္းရန္အတြက္….
ဖက္သန္းျမစ္ ျဖင့္ ျခေသၤ့ရုပ္ ၃ရုပ္ထုကာ တစ္ရုပ္ကို ဘုရားစင္ ၊ တစ္ရုပ္ကို ေငြထားတဲ့ ေနရာ ၊ တစ္ရုပ္ကို ကိုယ့္ဆိုင္၏ တံခါးေပါက္ ေပၚမွာ ထားပါ ။ကိုယ့္အလုပ္စားပြဲ ညာဘက္ အံဆြဲမွာ ထားၿပီးလည္း ေဆာင္ႏိုင္ပါတယ္ ။
အေရးႀကီးေသာ စကားမ်ား ေျပာဆိုစရာေတြ ရွိပါက ထိုအရုပ္ေလး ေဆာင္၍ ေျပာဆိုပါက မိမိအက်ဳိး ရွိေစေသာ ကိစၥမ်ား ျဖစ္လာပါမည္ ။အထူး လာဘ္လာဘ ႐ႊင္လာပါမယ္ ။
မိတ္ေဆြတို႔ ဖတ္ျပီး သေဘာက် ႏွစ္သက္ရင္ မိမိတို႔ မိတ္ေဆြမ်ားကိုလည္း ျပန္လည္ ေဝမွ် ေပးၾကပါဦးခင္ဗ်ာ…..။(ေလးစားမႈျဖင့္ ခရက္ဒစ္)ေဝဒဂၤ
ယူနီကုဒ္ျဖင့္ ဖတ္ရန္
အင်္ဂါသားသ္မီး များအတွက် ဘဝတစ်သက်တာ ယတြာ
အန္တရာယ်ကင်း၍ လာဘ်ရွှင်ရန်အတွက်
ခရေညွှန့် နှင့် သပြေညွှန့် တို့ကို ဘုရားပန်းအိုး တွင် ၎င်း တံခါးပေါက် တွင် ၎င်း ထိုးပါ ( ၇ )ရက် ၁ကြိမ် ရေလဲ ပေးပါ ။
အိမ် ၏ တောင် အရပ် တွင် နှင်းဆီပင်ကို စိုက်ထားပါ၊ စိုက်ရမည့် နည်းမှာ တွင်း ကို တစ်ထောင့်ထွာ ခန့် တူးပြီး မြေကြီးထဲ တွင်
ကျောက်ရောင်စုံ မျိုးစုံ ( ၇ )မျိုး ဆန်တစ်ဆုပ် မြေဇာမြက် တစ်ဆုပ် ကြေးနီပိုက်ဆံ တစ်ပြား သံချောင်းတစ်ချောင်းကို ရော၍ ထည့်ပြီးလျှင် သစ်ပင် ကို ရွှေရည် ငွေရည် လောင်းပါ ။
သစ်ပင်စိုက်မည့်နေ့တွင် ဥပုသ်စောင့် နိုင်လျှင်သော်၎င်း ၊ သက်သတ်လွှတ် စားနိုင်လျှင်၎င်း ၊ ကောင်း၏ ( ထိုနေ့၌ မေထုန် မှီဝဲခြင်း မပြုရ )
ကိုယ်စိုက်တဲ့ သစ်ပင်လေးက အရွက် အခက်များဖြင့်ရှင်သန်လာလေ လာဘ်ရွှင်လေဖြစ်မည်၊ ၎င်းသစ်ပင်ကို တနင်္ဂနွေ၊ စနေ၊ ဗုဒ္ဓဟူးနေ့များတွင် စိုက်ရပါမည် ။
အလုပ်ရရန်အတွက်
ဤယတြာကို အင်တာဗျူး ခေါ်ပြီး၊ အလုပ်လျှောက်ပြီး၊ စာမေးပွဲ ဖြေပြီးမှပြုလုပ်ပါ …မျှော်လင့်ထားသလို အောင်မြင်ပါလိမ့်မည် ။
အုန်းရွက်ပေါ်တွင်ထိုင်၍ ထမင်းစားပါ၊ စားပြီးပါက ၎င်းအရွက်ကို အနောက်အရပ်သို့ မိမိ၏ လိုအပ်သော အကြံအစည်ကိုရည်စူးပြီးစွန့်ပါ စိတ်အတွင်းမှ လူကြီးများကို မေတ္တာပို့ပြီး စွန့်ပါ ၉ရက် ဆက်တိုက်ပြုလုပ်ပါက ထူးခြားသော အောင်မြင်မူရရှိပါလိမ့်မယ် ။
ရန်ပြေပျောက်ရန်အတွက်
မိမိကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင် အနှောင့်အယှက်အမျိုးမျိုး ရန်အသွယ်သွယ် ပြုနေသောသူများကို မိမိ၏ရန်သူအဖြစ်မှ မိတ်ဆွေအဖြစ် ဖြစ်လာစေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ ။
မိမိရဲ့သန့်ရှင်းသောအဝတ်စတစ်ခုကို ဇီးပင်တွင်ချည်ပြီး မကျည်းကိုင်းဖြင့် အသက်အောင့်ကာ ( ၉ ) ချက် ရိုက်ပါ ။
အနဲဆုံး ( ၃ ) ကြိမ်လုပ်ရပါမယ် မိမိတို့ အနေဖြင့် ဆက်လက်လုပ်ကိုင်ပါက ပိုကောင်းပါတယ် ….
( ၉ ) ရက် မှ ( ၂၁ )ရက်အတွင်း ရန်များ ပြေပျောက်ပြီး ပြန်လည် အဆင်ပြေလာပါမည် ။
ရန်သူကို မေတ္တာပို့ပြီး အောင်မြင်ရန်အတွက်
ကိုယ့်မှာအမူအခင်း တစ်စုံတစ်ရာ ဖြစ်စေ၊ သူတစ်ပါးက ကိုယ့်ကိုမလိုမုန်းထားကာ အနှောင့်အယှက် ပေးနေတာ ကြုံနေရပါက….
အရှေ့ဘက်အရပ် ကို မျက်နှာမူကာ ဖက်သန်းရွက်ပေါ် ထိုင်ပြီး ( ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သဃံာသရဏံ ဂစ္ဆာမိ ) ဟူ၍ သရဏဂုံဂါထာကို ၉ရက်တိုင်တိုင် နေ့စဉ် ၉ပတ်စီ ပုတီးစိပ်ပါ ။
ပုတီး စိပ်ပြီးသောအခါ မိမိ၏ စိတ်အာရုံ မှာ မိမိကိုသောက ပေးသူ၏ မျက်နှာကို စိတ်ထဲပြဿနာ မဖြစ်ကြခင်က မျက်နှာထားကို ပုံဖော်ပြီး မြင်ယောင်ကာ မေတ္တာပို့ပါ
၉ရက် တိုင်တိုင် နေ့စဉ် ၉ပတ် စီ စိပ်ပြီးပါက ထိုသူနှင့် တွေ့ဆုံညှိနှိုင်းပါ ။ ကိုယ့်အပေါ် နားလည်မူပေးကာ မေတ္တာ ဖြင့် ပြန်လည်ဆက်ဆံတာ ကြုံရပါမယ် ။
ပညာရေး ကံကောင်းရန်အတွက်
ကြိုက်တဲ့ယတြာပဲလုပ်လုပ် စာမကျက်ပဲ စာမလုပ်ပဲ မအောင်မြင်မှာ ကိုသတိပြုပါ၊ ခုပြောပြမယ့် နည်းလေးက ဥုံဖွ အောင်ဟ ဆိုပြီး လုပ်လို့ ရမယ့်နည်း မဟုတ်ပါ ။
စာကျက်ရင်း ဖတ်မှတ်ရင်း ရှေ့ကစာမေ့ နောက်ကစာကျန်/ခုရပြီး ခဏနေ ပြန်ပြီး ဖတ်ချိန်မေ့ကုန်တာ၊ စာတွေ ရှန်းပြီး ဟိုကကျန်၊ ဒီက ချန် စတာတွေ ဖြစ်တတ်သူတွေအတွက် မှတ်ဉာဏ် စွမ်းအား မြှင့်လာစေဖို့ လုပ်တဲ့သဘောဖြစ်ပါတယ် ။
စာကျက်တဲ့ အခါတိုင်း တောင်အရပ်ကို မျက်နှာ မပြုပါနဲ့ ၊ စာကျက်ခါနီး သူရဿတီမယ်တော်ကို အာရုံပြု ပြီးမှ မေတ္တာပို့ပြီးကျက်မှတ်ပါ ….
စာကျက်နေတဲ့စားပွဲ ကုလားထိုင်( သို့ ) ထိုင်ခင်းစတဲ့ အောက်မှာသရက်ရွက်ကို ကပ်ထား ပေးပါ၊ မြေပေါ်ထိုင်ကျက်ပါက မိမိ၏လက်ရှိ ကျက်မှတ်မယ့် စာအုပ်ကြားထဲညှပ်ထားပြီး ကျက်ပါ ။
ဖတ်သမျှစာ ခေါင်းထဲစွဲကျန်ပြီး နောင်ကိုမမေ့တော့ပဲ မှတ်ဉာဏ်များ ပွင့်လန်းကာ ပညာရေးအဆင်ပြေလာပါမယ်။
အလုပ်တွင် သြဇာရှိရန်အတွက်
ကိုယ်လုပ်နေတဲ့ အလုပ်မှာ အထက်လူကြီးကို တစ်စုံတစ်ရာ ပြောရမှာ ခက်ခဲနေရင်၎င်း၊ လုပ်ငန်းတွင်းဆွေးနွေး တိုင်ပင်မူများတွင် မိမိစကား အရေးတယူ ပြုပေး စေလိုက၎င်း….
စိတ်မချရသော အောက်လက်ငယ်သား ကိုကိုယ့် စကားတည်စေရန် ၎င်း ၊ လုပ်နေတဲ့အလုပ်ထဲက မိတ်ဆွေများနဲ့ စကားပြောရင် အဆင်ပြေရန်၎င်း ၊ အောက်ပါအတိုင်းဆောင်ရွက်ပါ ။
ကိုယ့်အလုပ်စားပွဲက ကုလားထိုင် အောက်မှာ ထန်း နဲ့ အုန်း ရွက် လက်တစ်ဆစ် စီကပ်ထားပါ၊ ၎င်း အရွက် ကို မိမိ ၏ ဖိနပ်မှာ ကပ်ထားပြီး စီးပါကလည်း ရပါတယ် ။
ကုလားထိုင်နဲ့ ဖိနပ်အောက်မှာ ထားရန် အဆင်မပြေက မိမိကိုယ်မှာအမြဲ ဆောင်ထားနိုင်ပါတယ် ။
အန္တရာယ်ကင်းအဆောင်ရုပ်
ကိုယ့်မှာရန်အတိုက်အခိုက် အနှောင့်အယှက် အမြဲကင်းပြီး အဆင်ပြေစေဖို့ အဆောင်အဖြစ် ဆောင်ထားလိုပါက…
ဖက်သန်းမြစ်ကို ခြင်္သေ့ရုပ်ထုပြီး သန့်ရှင်းစင်ကြယ်တဲ့ ရေမှာစိမ်ကာ ဂုဏ်တော်ကိုးပါးပုတီး ၁၀ ပတ်စိပ်ပြီး အန္တရာယ်ကင်း ဆုတောင်းကာ၎င်း အရုပ်ကလေးကိုဆောင်ထားပါ
ကုန်ရောင်းရာမှာလာဘ်ရွှင်ဖို့အတွက်
ကိုယ် ရောင်းချင်တဲ့ ပစ္စည်းလေးခပ်မြန်မြန် ရောင်းထွက်အောင် ၊ အရောင်းထိုင်းနေရင် မထွက်ရင်ရောင်းပန်းလှအောင် အောက်ပါအတိုင်းပြုလုပ်ပေးပါ ။
ရောင်းလိုသော ကုန်ပစ္စည်းကို ဇီးကိုင်း( သို့ ) ဇွန်ကိုင်းဖြင့် အသက်အောင့်ကာ နှုတ်ဖျားမှ ထွက် ထွက် ဟု ရွတ်ပြီး ၇ချက် ရိုက်ပါ ။
ထိုသို့ မကြာခဏ လုပ်ပေးပါက အမြန်ဆုံး၂၁ရက် ၊ အကြာဆုံး ၄၅ရက် အတွင်းမှာ ရောင်းထွက်သွားပါမယ် ။
ကျန်းမာရေးချူချာပါက…..
ဆေးဝါးကုသမူနဲ့ ကိုယ်တလွဲတွေ ဖြစ်နေရင်၊ ဆေးမစူး ၊ ဆေးမတိုးရင် ၊ နေထိုင်မကောင်းတာ ရက်ရှည်လများ ဖြစ်နေရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ် ။
ကိုယ့်ရဲ့ အိပ်ယာအောက်မှာ အုန်းရွက်နဲ့ ဇီးရွက်အနည်းငယ်စီခင်းအိပ် ထားကာ မနက်မှာ အိမ် ရဲ့ တောင်အရပ်မှာ ၎င်းတို့ကို စွန့်ပါ မကြာခဏလုပ်ပါ ။
ရောဂါဝေဒနာ အကြီးများ ခံစားနေရပါက ဆန် ၉ဆုပ်ကို အိပ်ယာ ခေါင်းရင်းမှာထား အိပ်ပါ ။ မနက်တွင် ကုန်းသတ္တဝါ ၊ရေသတ္တဝါ များကိုကျွေးပါ ။ သုံးကြိမ် ပြုလုပ်ရပါမယ်
လာဘ်လာဘရွှင်လန်းရန်အတွက်….
ဖက်သန်းမြစ် ဖြင့် ခြင်္သေ့ရုပ် ၃ရုပ်ထုကာ တစ်ရုပ်ကို ဘုရားစင် ၊ တစ်ရုပ်ကို ငွေထားတဲ့ နေရာ ၊ တစ်ရုပ်ကို ကိုယ့်ဆိုင်၏ တံခါးပေါက် ပေါ်မှာ ထားပါ ။ကိုယ့်အလုပ်စားပွဲ ညာဘက် အံဆွဲမှာ ထားပြီးလည်း ဆောင်နိုင်ပါတယ် ။
အရေးကြီးသော စကားများ ပြောဆိုစရာတွေ ရှိပါက ထိုအရုပ်လေး ဆောင်၍ ပြောဆိုပါက မိမိအကျိုး ရှိစေသော ကိစ္စများ ဖြစ်လာပါမည် ။အထူး လာဘ်လာဘ ရွှင်လာပါမယ် ။
မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင် မိမိတို့ မိတ်ဆွေများကိုလည်း ပြန်လည် ဝေမျှ ပေးကြပါဦးခင်ဗျာ…..။(လေးစားမှုဖြင့် ခရက်ဒစ်)ဝေဒင်္ဂ