ဧရာ ဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ ၁ ဦးတွေ့ရှိသောကြောင့် ကုတင် ၂၀၀ ဆေးရုံတွင် စောင့်ကြည့်နေရကြောင်း သိရသည်။

အဆိုပါသံသယလူနာမှာ ကချင်ပြည်နယ်မှ လပွတ္တာမြို့နယ်သို့ရောက်ရှိလာကာ ဖျားနားမှုလက္ခဏာ ပြသသောကြောင့် သံသယလူနာအဖြစ်စောင့်ကြည့်ရန် ကျန်းမာရေးဌာနသို့ကျေးရွာဘက်မှ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အဲဒီအမျိုးသမီးက ကချင်ပြည်နယ်ဘက်ကနေရောက်လာတာပါ။ ဟိုဘက်မှာလည်းသံသယရှိလို့ဆိုပြီး စစ်ဆေးပြီးပြီလို့ သိရတယ်။ ကျွန်တော်တို့လပွတ္တာမြို့နယ်၊ ပိန္ဒဲကုန်းရွာကိုရောက်လာတာပေါ့။ သူ့မှာက HIV ပိုးရော၊ ဖျားတာရောဖြစ်နေတဲ့အတွက် ရွာကသူ့ကိုလက်မခံဘဲကျေးရွာအုပ်ချုပ်ရေးမှူး၊

မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဒီရောဂါသံသယဖြစ်နိုင်တဲ့အတွက် လပွတ္တာမြို့ကုတင် ၂၀၀ဆေးရုံမှာ အထူးခန်းထဲထားပြီးစောင့်ကြည့်နေကြရပါတယ်။”ဟု လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦးထွန်းလှက ပြောကြားခဲ့သည်။