ဘဝမှာ တစ်ယောက်တည်း ရပ်တည်နိုင်အောင် ကြိုးစားရင်း ဂီတလမ်းကြောင်းပေါ်မှာ အရှိန်ရနေသူက ပိုပို ဖြစ်ပါတယ်။ ငယ်စဉ်တည်းက အဘွားဖြစ်သူနဲ့ ကြီးပြင်းခဲ့ရတဲ့ ပိုပိုက စိတ်ဓာတ်ခိုင်မာပြီး ကိုယ်စွမ်းကိုယ်စ ပြနိုင်အောင် ကြိုးစားသူ တစ်ယောက်ပါ။

မိဘမဲ့ကလေးတွေ အပေါ် မေတ္တာထားသလို လိုအပ်နေသူတွေကို ကိုယ်စွမ်းကိုယ်စ ရှိသလောက် ကူညီတဲ့ ပိုပိုကို ပရိသတ်တွေကလည်း ချစ်ခင်ကြပါတယ်။

အောင်မြင်တဲ့သူမို့ ချည်းကပ်ခဲ့တဲ့ ယောက်ျားလေးတွေ ရှိပေမဲ့ တွဲသမျှ ဘဲတွေရဲ့ (၈၀) ရာခိုင်နှုန်းလောက်က အဆင်မပြေခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ လတ်တလောမှာရေပန်းစားလူပြောများနေတဲ့ အိမ့်ချစ်ရဲ့ မင်္ဂလာသတင်း ပြောပြလာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အနုပညာရှင်များစွာက ဂုဏ်ပြုစကားမှတ်ချက်လေးတွေပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ မှတ်ချက်ပေးတဲ့အနုပညာရှင်တွေထဲမှာ ပြည်သူ့အချစ်တော်အဆိုတော်ပိုပိုလည်းအပါအဝင်ပါပဲနော်။

အိမ့်ချစ်ရဲ့ မဂလာသတင်းဖော်ပြထားတဲ့ ပိုစ့်မှာ ပိုပိုကတော့”ပျော်ကြပါစေနော်။ အားကျပြီးပျော်နေတယ် ”ဆိုတဲ့ မှတ်ချက်လေးဝင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကတော့ ပိုပိုကရော ဘယ်တော့ စားရမှာလဲ ဆိုတဲ့ မှတ်ချက်လေးတွေအပေးခံနေရတာတွေ့ရပါတယ်။ပရိသတ်ကြီးရော ပိုပို့ကို အိမ်ထောင်ထက်ရွေးချယ်စေချင်နေပြီလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။