ဇာဇာထက်ကတော့ ဆက်စီမော်ဒယ်အလုပ်ကို လုပ်ကိုင်ကာ တည်တည်ငြိမ်ငြိမ်ဘဝကို ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်..။ သူမရဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်အလှကြောင့် ပုရိသပရိသတ်တွေကြားမှာ ရေပန်းစားတဲ့သူတစ်ယောက်ပါ.. မြန်မာအိုင်ဒေါပြိုင်ပွဲဟောင်းဖြစ်တဲ့ နေလင်းကျော်နဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ ။ ဇာဇာထက်ဟာ လက်ရှိမှာ Single အနေနဲ့သာ သူမရဲ့အလုပ်နဲ့ပညာရေးကိုသာ ဦးစားပေးလုပ်ဆောင်နေတာပဲဖြစ်ပါတယ်..။

ဇာဇာထက်ဟာ အလုပ်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေရဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေပေးလေ့ရှိသူပါ..။ ရည်းစားဟောင်း နေလင်းကျော်နဲ့ပတ်သက်ပြီး နှစ်ဦးစလုံးမှာ ဝေဖန်တိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး အခုချိန်မှာတော့ ကိုယ့်လမ်းကိုယ်လျှောက်နေကြတာပဲဖြစ်ပါတယ်..။

အခုတစ်ခါမှာတော့ ဇာဇာထက်ဟာ ခံစားချက်တစ်ချို့နဲ့ တိုက်ဆိုင်သွားတဲ့ “ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကြီးထဲက ဒိုင်ယာလော့ခ်လေးတွေကို “နင်လျှောက်မဲ့လမ်းမှာ ငါကဆူးညှောင့်..ခလုတ်ဖြစ်နေမှာစိုးလို့ သက်သက်ဘေးဖယ်ပေးလိုက်တာပါ။ မငိုပါနဲ့ ….ရာ အဲ့မျက်ရည်တွေ နင် မင်းသားဖြစ်တဲ့အခါ ငိုဖို့သိမ်းထားလိုက်ပါ။

နင်….ဟိုးအမြင့်ကြီးရောက်တဲ့အခါ ငါ့နာမည်ကိုသတိရရင်ကျေနပ်ပါတယ်…။နင့်အနားမှာ ငါကဒီ့ထက်ပိုပြီးမရှိ သင့်တော့ပါဘူး။ ဘဝချင်းလဲ မတူတော့ပါဘူးလေ.။ လောကဓံဆိုတာ ဆင်းရဲတာရော ချမ်းသာတာရောခံရမှာပဲ ။ ဒါကြောင့်အောင်မြင်မှုနဲ့ ကျရှုံးမှုကိုလက်ခံနိုင်ရမှာပဲ။ ဒီအချိန်မှာ သူကအခြေကြီးတဲ့ရွှေမင်းသား ဖြစ်နေပြီပဲ.။

ရွှေမင်းသမီးဇာတ်ကားမှ ရင်ထဲထိသော စကားလုံးတစ်ချို့” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ဇာဇာထက်ကတော့သူမရင်ထဲကို ထိမှန်စေခဲ့တဲ့ စကားလုံးတစ်ချို့ဆိုပြီးတင်ခဲ့ပေမယ့် ပရိသတ်တွေကတော့ ရည်းစားဟောင်း နေလင်းကျော်ကို သတိရနေတာများလားဆိုပြီး မေးခွန်းတွေထုတ်နေခဲ့ကြပါတယ်..။ ပရိသတ်ကြီးရော ဇာဇာထက်က ရည်းစားဟောင်းနေလင်းကျော်ကို သတိရနေတာလား.. ဒါမှမဟုတ် ဒီအတိုင်းတိုက်ဆိုင်သွားရုံသက်သက်လား.. ဘယ်လိုထင်လဲ???