ယနေ့ ခေတ်ကြီးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အရမ်းကို တိုးတက်လာတဲ့ သိပ္ပံခေတ်ကြီးပါ….. အင်တာနက် ဖုန်း ဂြိုလ်တု..အကောင်းစား ဇိမ်ခံပစ္စည်းများ စသဖြင့် ခေတ်ကြီးကတိုးတက်လာလို့ လူမှုဘဝတွေက မြင့်မားလာတယ်လို့ ဆိုရမှာပါ..

ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေရှိလာသော်လည်း စိတ်ပိုင်းဆိုင်ရာတွေကတော့ အားနည်းလာကြပါတယ်..

ကိုယ်ချင်းစာစိတ်တွေနည်းလာတာ..စည်းကမ်းမဲ့လာတာ..ကူညီချင်တဲ့ စိတ်တွေမရှိကြတော့တာ စသဖြင့် ဝမ်းနည်းစရာကောင်းအောင် ဆုတ်ယုတ်လာတာပါ…

ဒါပေမဲ့ ဘယ်သူတွေဘယ်လိုပြောင်းပြောင်း ငါတော့မပြောင်းဘူးဆိုတဲ့ ရိုးသားဖြူစင်ကူညီချင်ကြတဲ့ စိတ်ထားရှိသူတွေ ရှိနေပါသေးတယ်….

ဒီအဖြစ်အပျက်လေးကတော့ အဲဒီလိုလူတွေ ရှိနေသေးတယ်ဆိုတာကို မီးမောင်းထိုးပြသွားတာပါပဲ…ဖြစ်စဉ်ကတော့ ပိုက်ဆံအိတ်ကောက်ရပေမဲ့ ပျောက်တဲ့သူကို ကိုယ်ချင်းစာပြီး ပိုက်ဆံအိတ်ထဲမှာပါတဲ့ ဖုန်းနံပါတ်ကိုဆက်ပြီး မရမက ပြန်ပေးသူ တစ်ယောက်အကြောင်းပါပဲ…

ပြီးတော့ သူက ပိုက်ဆံတွေရှိနေလို့ ချမ်းသာလို့ ပြန်ပေးတာလည်းမဟုတ်ပါဘူး..သင်္ဘောသီးထောင်းရောင်းပြီး ငွေကြေးချို့တဲ့ပေမဲ့ စာရိတ္တမချို့တဲ့ရှာသူတစ်ယောက်ပါပဲ…

ဖြစ်စဉ်အပြည့်အစုံကတော့ ဒီလိုပါ … “ဒီနေ့ မမြင်ဘူးတဲ့ဖုန်းနဲ့ တူတော်မောင်နာမည်မေးတော့ လန့်သွားတယ်…

တကယ်တော့ တူတော်မောင်ကျပျောက်ခံတဲ့ ပိုက်ဆံအိတ် ကောက်တွေ့လို့ ဖုန်းဆက်ပေးတဲ့ဖုန်းဖြစ်နေပါတယ်….

မှတ်ပုံတင် ပါလို့ကို ဖုန်းဆက်ပေးတာလို့ပြောပါတယ်…ပုံမှာပါတဲ့ သင်္ဘောသီးထောင်းရောင်းတဲ့ အကိုတစ်ဦးပါ…လားရှိုးမြို့မှာပါ…ရိုးသားပြီး စေတနာကောင်းသလို သင်္ဘောသီးထောင်းလည်းစားကောင်းတယ်…

အားနာစွာနဲ့ကျေးဇူးတင်လိုပေမဲ့လက်မခံတော့ အထောင်းပဲ အားပေးခဲ့တာ…တကယ်စားကောင်းနေပြန်ရော….ဖုန်းဆက်မရရင် လိုင်းပေါ်တင်ပေးမယ်လို့ပြောပါတယ်…

.ကျေးဇူးတင်ပါတယ်… အောင်မြင်တိုးတက်ပါစေ..ဘုရားသခင်ကောင်းကြီးပေးပါစေ..” ဆိုပြီး လူမှုကွန်ရက်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်…

စိတ်ပိုင်းဆိုင်ရာတွေ အားနည်းလာတဲ့ ယနေ့ခေတ်ကြီးမှာ အကျင့်စာရိတ္တကို တန်ဖိုးထားတဲ့ သင်္ဘောသီးထောင်းရောင်းတဲ့ အစ်ကိုကြီးကို ချီးကျူးစကားလေးတွေ ဆိုခဲ့ပါအုံးနော်…

Writer ; Kwee (Jeeptoolay)