1-2-2020 ရက်​နေ့ထွက်သော ထိုင်းထီ ထိုင်းနိုင်ငံမှာပထမဆု ထိုင်းဘတ် သိန်း(60)ကံထူးသွားတဲ့ ယွန်းနဒီဦးအေဂျင်စီမှ ထိုင်းနိင်ငံသို့ တရားဝင် ပို့ဆောင်ပေးတဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်မှ MOU.လုပ်သားလူငယ်လေး တစ်ဦး နှစ်သစ်မှာကံထူးပြီး ထိုင်းထီပေါက်ေ နပေမယ့် ထီလက်မှတ်ပျောက်နေခဲ့သေး တာပါ၊

ထိုင်းထီထွက်ပြီးေ နာက် (2) ရက်အလွန် အလုပ်ပိတ်ရက် အခန်းမှာ အဝတ်လျှော် နေရင်းသူဝယ်ထားတဲ့ ထီလက်မှတ်လေးကိုပြန်တွေ့လို့လိုင်းပေါ်မှာ AAC အဖွဲ့ မှ ကိုရဲမင်း တင်ထားတဲ့ ထီပေါက်စဉ်မှာ ပထမဆု ဘတ်သိန်း​ခြောက်ဆယ်ထွက်သွားတဲ့ဂဏန်းထိပ်စီးခြောက်လုံးအား တိုက်ကြည့်ပြီး ထီပေါက်တာ သေချာတာနဲ့ AAC ဒါရိုက်တာဦးခိုင်ထံ သူမိတ်ဆွေ အသိကနေတဆင့် လာရောက်ငွေထုတ်​ပေးရန် အကူအညီလာတောင်းခဲ့တာပါ၊

AAC အဖွဲ့ မှလည်း တစ်နေ့ထဲ ထိုင်းဘတ်ငွေသိန်း(60)ကို အဆင်ပြေချောမွေ့စွာ ထုတ်ယူပေးပြီြး မန်မာ​ငွေလဲလှယ်၍ မြန်မာပြည်မိသားစုထံ အရောက်ပို့ပေးကာ 5-2-2020 ရက်နေ့ ညမှာတော့မြန်မာပြည်ရှိမိသားစုနဲချိတ်ဆက်ပြီး လုံခြုံစိတ်ချအေးချမ်းစွာ ဘန်ကောက်လေဆိပ်မှ တဆင့် ရန်ကုန်မြို့ သို့ေ ပျာ်ရွှင်ချမ်းမြေ့စွာပြန်နိုင်ရန် AAC အဖွဲ့သားများက လိုက်ပါ ပို့ဆောင်ပေးလိုက်ပါပြီ….

ထီပေါက်သူမြန်မာလုပ်သားလေးက ထီထုတ်ပေးသူ AAC အဖွဲ့(မဟာချိုင်အခြေစိုက်) နှင့် AAC ဂေဟာတွင် ခိုလှုံနေသော အလုပ်သမားစားသောက်ရေး ထိုင်းငွေ(60,000)ဘတ် တိတိအားပြန်လည်လှူဒါန်းပေးခဲ့ပါသည်။

အထူးသတိထားရန်မှတ်ချက် ။ ။ထိုင်းထီများ ကို ကံစမ်းထားပါက သတိ​ပြုရန် မိမိတို့လုပ်အားခနဲ့ ဝယ်ထားတဲ့ထီလက်မှတ်ေ လးကို စနစ်တကျထိမ်းသိမ်းပြီး သတိပြုကြပါရန် အသိပေးလိုက်ပါတယ်၊ အခြားသူတဦးတယောက်ကေ ကာက်ရသွားရင် မိမိအတွက် စိတ်ထိခိုက်စရာ ​​ဖြစ်နိုင်ပါတယ် ထိုင်းထီဆိုတာ မည်သူမဆို ထုတ်ယူနိုင်တဲ့ အတွက်မပေါ့ဆဖို့ အထူးသိထား ကြပါ လို့ AAC အဖွဲ့မှ တိုက်တွန်းအပ်ပါသည်။

ထိုင်းထီပထမဆုကံထူးပါကေ အာက်ဖော်ပြပါ အဖွဲ့အစည်းဖုန်းများကို အကူအညီတောင်းခံကြပါ…. ​​​မြန်မာသံရုံးကြီးရုံးဖုန်းများ၊ အလုပ်သမားသံအရာရှိရုံးဖုန်းများ၊ AAC မဟာမိတ်အဖွဲ့(ထိုင်းမြန်မာ)ရုံးဖုန်းများ၊ ထို့အပြင်…မိမိတို့စိတ်ချယုံကြည်ရတဲ့ ပရဟိတ အသင်းအဖွဲ့များရဲ့ ဖုန်းများကို ဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်…

ပုံ- 5-2-2020 ရက်နေ့မှာ အိမ်ပြန်သွားပြီဖြစ်တဲ့ ကံထူးရှင်နဲ့ သူငယ်ချင်းအမျိုးများ AAC အဖွဲ့ သားများ ထီဆုထုတ်ယူစဉ်နဲ့ လေဆိပ်အပြန်ခရီး ပုံရိပ်များ… ဒီပိုစ့်လေးကို ဖတ်မိပြီး ပြန် Share ပေးသူ ထိုင်းရောက်မြန်မာများ လာမယ့်အပတ် ထိုင်းထီပထမဆုကြီးများ ဆွတ်ခူးနိင်ကြပါစေ….