ဝါ ရင့်သရုပ်ဆောင် မင်းသားကြီး ခန့်စည်သူဟာ ကျရာဇာတ်ရုပ်အတိုင်း တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် အနုပညာလောကမှာ အချိန်အတော်ကြာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ခန့်စည်သူက အခုချိန်ထိတိုင် ခေါင်းဆောင်မင်းသားနေရာကနေ သရုပ်ဆောင်နေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရဆဲပါ။ ဒါ့အပြင် ခန့်စည်သူက ခိုင်သင်းကြည်၊ ထွန်းအိန္ဒြာဗိုတို့နဲ့ အတူတူ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်တားပါသေးတယ်။

ဒီ တစ်ခါမှာတော့ ခန့်စည်သူက လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က သူ့ရဲ့ လူငယ်ဘဝပုံရိပ်တွေကို ပရိသတ်တွေအတွက် အမှတ်တရ မျှဝေလာပါတယ်။ ပရိသတ်တွေအတွက် ခန့်စည်သူရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခန့်စည်သူက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ သရုပ်ဆောင်ခဲ့ပြီး “အများနဲ့မသက်ဆိုင်သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးကို ဆွတ်ခူးရရှိထားသူပဲ ဖြစ်ပါတယ်။

ခန့်စည်သူက ငယ်ရွယ်စဉ်ကတည်းက မိန်းကလေး ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို အပြည့်အဝ ရရှိထားပြီး အခုချိန်ထိတိုင် အိမ်ထောင်မပြုသေးပဲ သူချစ်တဲ့ အနုပညာလုပ်ငန်းတွေရဲ့ အလှူအတန်းတွေကိုသာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီခေတ် မင်းသားတွေ အရှုံးပေးရမယ့် ခန့်စည်သူရဲ့ အမိုက်စားပုံရိပ်

ခန့်စည်သူကတော့ သူ့ရဲ့ တစ်ချိန်က ငယ်ဘဝပုံရိပ်တွေကိုကြည့်ရင်း အတိတ်ကို သတိရနေတယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ ငယ်ဘဝပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး