မလေး ရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အဖြစ်တစ်ခုကတော့ အင်တာနက်လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ များနေခဲ့ပါတယ်။ အကြောင်းကတော့ ပိုင်ရှင်ဟာ တိုက်ခန်းထဲမှာ ခွေးလေးကို အစာမကျွေး ၂ လလောက်စွန့်ပစ်ထားတာကြောင့် ဖြစ်ပါတယ်။ ဒီလို အချိန်မှာ ခွေးလေးအတွက် အသက်ရှင်ဖို့အတော်လေး ခက်ပေမယ့် ခွေးလေးဟာ သူ့မစင်သူစားပြီး ခါးသီးတဲ့နေ့ရက်တွေကို သခင်လာခေါ်မလားလို့ စောင့်စားနေခဲ့ပါတယ်။

တိုက် ခန်းပိုင်ရှင် အခန်းကို လာရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ အသက်မျော့မျော့ပဲကျန်တော့တဲ့ ခွေးလေးကို စိတ်မကောင်းစွာ တွေ့လိုက်ရပါတယ်။ ခွေးလေးကတော့ မသေသေးပါဘူး။ အားနည်းပြီး မလှုပ်နိုင်တော့သလို ပိန်လိန်နေခဲ့ပါပြီ။တိုက်ခန်းပိုင်ရှင်က ခွေးပိုင်ရှင်ကို လှမ်းပြောတဲ့အခါမှာတော့ ခွေးပိုင်ရှင်ဟာ ၃ ရက်တစ်ခါ အစာလာကျွေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ခွေးလေးဟာ 12 kg သာ ရှိတော့ပြီး အဟာရချို့တဲ့ ခြင်းနဲ့ သွေးအားနည်းတဲ့ ရောဂါကို ခံစားနေရပါတယ်။ ဒါကြောင့်လည်း ခွေးပိုင်ရှင် အမျိုးသမီးကို ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

Writer – SMT ( Shwe Yaung Lan )