အား လုံးက ဝက်ဝက်ကွဲအောင်မြင်လိမ့်မယ်လို့ ထင်မှတ်ထားခဲ့တဲ့ MMID MUSIC CONCERT ကတော့ ပထမဦးဆုံးတာအထွက်မှာပဲ ဝေဖန်မှုတွေရင်ဆိုင်နေရပါတယ်။

MMID ဟာ လက်ရှိအချိန်အထိ Season 4 အထိ Winner များ ၊ ပြိုင်ပွဲဝင် Finalist တွေ စုစုပေါင်း (၄၃) ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် မနေ့ကပွဲမှာ

တော့ ထင်မှတ်ထားသလိုမဟုတ်ပဲ လူတွေ အရမ်းကိုနည်းနေတယ်လို့ သိရပါတယ်။

ပွဲစဉ်ကိုတော့ ဖေဖော်ဝါရီလ (၄၊၅၊၆) ရက်နေ့တွေမှာ ကျင်းမှာဖြစ်ပါတယ်။ နေရာကတော့ ရွှေထွဋ်တင် ကွင်းထဲမှာ ကျင်းပနေတာဖြစ်ပါတယ်နော်။ အခုလို လူအလာနည်းတာကြောင့် Fan အချင်းချင်း

ကြားမှာလည်း ဝေဖန်တိုက်ခိုက်မှုတွေရှိလာနေပါတယ်နော်။

ပွဲစဉ်ရဲ့ ပထမဦးဆုံးနေ့မှာ MMID ရဲ့ Winner ၃ ဦးတောင် ပွဲဦးထွက် ဖျော်ဖြေခဲ့ပေမယ့်ထင်မိသလောက် အားပေးမှု မရရှိခဲ့ဘူးလို့ သိရပါတယ်။ နောက်ထပ် တစ်ရက်မှာတော့ဘယ်လို ဖြစ်လာဦးမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲနော်။

Writer – SMT ( Shwe Yaung Lan )
Photo- Cele Gabar