ထိုင်း နိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလင်မယားနှစ်ယောက်စကားများရန်ဖြစ်ပြီးတော့ မိန်းကလေးက မြစ်ထဲခုန်ချသေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဖြစ် တာကတော့ လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ရာကနေ ယောက်ျားဖြစ်သူက သွားသေလိုက်ဆိုပြီး ပြောတာကြောင့် ယောက်ျားရှေ့မှာပဲ မြစ်ထဲခုန်ချအဆုံးစီရင်ပြခဲ့တာဖြစ်ပါတယ်။ ယောက်ျားဖြစ်သူကတော့ သူနဲ့မဆိုင်သလို ခပ်အေးအေးပဲ ကြည့်နေပြီး မြစ်ထဲခုန်ချသွားတာကိုမြင်တာတောင် မဆည်ပဲ လှည့်ထွက်သွားခဲ့တယ်ပါတယ်။

ခုန် ချတဲ့ အမျိုးသမီးကတော့ ၃၁ အရွယ်ရှိ မနန်းမိုး ဆိုသူပဲဖြစ်ပါတယ်။ ကံကောင်းချင်တော့ အရက်စွဲနေတဲ့ အိမ်ယာမဲ့က မြစ်ထဲအထိ လိုက်ဆင်းဆယ်ပေးခဲ့တာကြောင့်အသက်မသေပဲ ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ချင်းမိုင်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြောင်း သိရှိရပါတယ်။

ဗီဒီယိုဖိုင်ကို ကြည့်ရန် နှိပ်ပါ

Writer – SMT ( Shwe Yaung Lan )