အုပ်စိုးခန့် ဟာ အသက်ငယ်ရွယ်ပေမဲ့ ဂီတလောကမှာ နေရာတစ်နေရာရယူထားနိုင်သူပါ…

အထူး သဖြင့် အဆိုအပြင် ကိုရီးယားမင်းသားတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အားပေးတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်….

ဒါ့အပြင် ယွန်းယွန်းဟာလည်း ငယ်စဉ်ကတည်းက သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိအရွယ်ထိ ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်….

လတ်တလောမှာတော့ အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့ အတူတွဲပြီး ရိုက်ကူးထားတဲ့ ကြော်ငြာဓာတ်ပုံလေးတွေက ပရိသတ်တွေကြားမှာ အပြောများနေတာပါ…

နှစ်ယောက်စလုံးကလည်း အသက်အရွယ်ငယ်ရွယ်ကြပေမဲ့ ထူးချွန်တဲ့ အနုပညာရှင်တွေဖြစ်တာကြောင့်တစ်ကြောင်း လိုက်ဖက်ညီတဲ့ သူတို့ရဲ့ ဓာတ်ပုံလေးတွေကြောင့်တစ်ကြောင်း ပရိသတ်တွေက သူတို့နှစ်ဦးပုံလေးတွေကို သဘောကျနေကြတာပါ….

လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ဟာ အတူတွဲပြီး D & C ကြော်ငြာကို သရုပ်ဆောင်ခဲ့ကြတာပါ….

သူတို့နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကိုလည်း ပရိသတ်ကြီးတို့ ကြည့်ရှုနိုင်အောင် ပြန်လည်မျှဝေလိုက်ရပါတယ်နော်…

Writer – HW (Shwe Yaung Lan)
Source : Oak soe khant