G-Fatt တစ်ယောက် သီချင်းတွေအပေါ်ချစ်တဲ့စိတ်ကြောင့်လည်း သူ့ရဲ့သီချင်းစာသားတွေဟာ သူများတွေနဲ့ မတူဘဲ ပရိသတ်တွေရင်ထဲကို တိုက်ရိုက်ထိရှစေတယ်လို့ ဆိုရမှာပါ။ အမိုက်စား အကြမ်းစား Flow တွေနဲ့ ထိမိနေအောင်သီချင်းတွေကို သီဆိုနိုင်တဲ့ သူဖြစ်တာကြောင့် အနုပညာအပေါ် စိတ်နှစ်ထားသူတစ်ယောက်ဆိုတာ သူ့ရဲ့ သီချင်းတွေကြားရုံနဲ့ သိနိုင်မှာပါ။

အချစ်ရေးကြောင့် အသဲကွဲဝေဒနာကို ခံစားနေရတဲ့ G-Fatt ကို သူ့ရဲ့ ပရိသတ်တွေကတော့ စိတ်ပူပန်နေကြပေမဲ့လည်း G-Fatt ကတော့ အသဲကွဲဒဏ်ရာတွေကို အလုပ်တွေကိုကြိုးစားလုပ်ကိုင်ခြင်းတွေနဲ့ ကုစားနေတဲ့ လို့ဆိုရမလောက်ကို အလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေကြတာလည်း ပရိသတ်တွေမြင်တွေ့မယ်ထင်မှာပါ။

တချို့သောပရိသတ်တွေကတော့ သူတို့နှစ်ဦးကို ပြန်အဆင်ပြေစေချင်တဲ့ မှတ်ချက်တွေ ခုချိန်ထိ ပေးနေကြပြီး တစ်ချိုကပရိသတ်တွေကတော့ G – Fatt ကို တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ အရိုးထုတ်ပြီး Forever Alone ဖြစ်တော့မှာလားလို့ အရွှန်းဖောက်စနောက်မှတ်ချက်တွေပေးနေကြတာပါ။

ဒီနေ့မှာတော့ G-Fattတစ်ယောက် Fa မဟုတ်ဘဲ သူ့ဘဝအတွက် သီချင်းတွေက အထီးမကျန်စေတဲ့အကြောင်း ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

G-Fatt ကတော့ ဒီနေ့မှာ သူဟာ ပရိသတ်တွေစနောက်ခေါ်ဝေါ်နေသလို FA တစ်ယောက် မဟုတ်တဲ့ အကြောင်းကို “သီချင်းတွေနဲ့ လက်ထပ်ထားတယ်။ FAမဟုတ်ဘူး”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားခဲ့ပါတယ်။ကဲ… ပရိသတ်ကြီးရေ G –Fatt ကတော့ သူ့သီချင်းတွေနဲ့ လက်ထပ်ထားလို့ FAမဟုတ်ဘူးတဲ့နော်….