ဝူ ဟန်ဗိုင်းရပ်စ်ကြောင့် ကူးစက်ခံရသူပေါင်း ၂၄၃၂၄ ယောက်၊ သေဆုံးသူပေါင်း ၄၉၀ ရှိပြီဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် အိမ်ရှင်မ Wenjun Wang ဝန်ဂျူဝန်းက သူ့မိသားစုက အိမ်မှာနေရင်းသာ အသေခံတော့မယ်တဲ့။ သီးခြားခွဲထားတဲ့နေရာကို မသွားချင်ဘူး။

ဇန်နဝါရီ ၂၃ ကတည်းက ဝူဟန်မြို့ကို ပိတ်ထားပါတယ်။ သူ့ဦးလေးက ဆုံးသွားပြီ။ သူလည်း စကန်လုပ်တော့ သူ့အဆုတ်မှာ ရောဂါလက္ခဏာတွေတွေ့နေရပြီ။ သူ့အကိုကလည်း ချောင်းဆိုးနေတယ်။ သူအဖေက ၁၀၂ ဒီဂရီအထိ ဖျားနေတယ်။ မနေ့ကဆို အဆက်မပြတ်ချောင်းဆိုးနေတယ်။ သူ့အမေနဲ့ အဒေါ်တို့က နေ့တိုင်းဆေးရုံကို လမ်းလျှောက်သွားပြီး ကုတင်လွတ်ရလေမလား ရှာကြတယ်။ သီးသန့်ထားတဲ့နေရာမှာ ဆရာဝန်မရှိ။ သူနာပြုမရှိ။ အပူပေးစက်မရှိ။ အိမ်မှာပဲ အသေခံတော့မယ်။

ဒေါက်တာတင့်ဆွေ