မလေး ရှားနိုင်ငံမှာ အသက်(၄)နှစ်အရွယ် ဝူဟန်ဗိုင်းရပ်စ်လူနာ ကလေးငယ်လေးတစ်ဦးဟာ ကံကောင်းထောက်မစွာ ဗိုင်းရပ်စ်ကင်းစင်သွားတာကြောင့် ဆေးရုံကနေ ပျော်ရွှင်စွာ ပြန်ဆင်းနိုင်ခဲ့ကြောင်း သိရပါတယ်။ ကလေးမလေးနရဲ့ မိသားစုဟာ မလေးရှားမှာ ရက်ပိုင်းလောက်နေပြီး၊ တရုတ်ကို ပြန်မှာပါတဲ့။ သူတို့ဟာ တရုတ်နိုင်ငံသားများဖြစ်ကြပြီး၊ အခု ဒီကလေးမလေးကတော့ မလေးရှားမှာ ဝူဟန်ဗိုင်းရပ်စ်ကနေ ပထမဆုံးလွတ်ကင်းသွားတဲ့လူနာအဖြစ် မှတ်တမ်းဝင်ရောက်သွားခဲ့ပါတယ်။ (၄)နှစ်အရွယ် သမီးလေးဟာ ဇန်နဝါရီ(၂၉)ရက်ကတည်းက ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာပါ။

သူတို့မိသားစုဟာ မလေးရှားကို ရောက်ရှိတာ ရက်ပိုင်းသာရှိသေးပြီး၊ သမီးလေးကို လန်ကာဝီရှိ Hospital Sultanah Maliha မှာ ပို့ဆောင်ကုသစေခဲ့ပါတယ်။ ဒေါက်တာ Noor Hisham Abdullah က အခု ဖြစ်စဉ်ကို ကြည့်ချင်းအားဖြင့် ဝူဟန်ဗိုင်းရပ်စ်ကို အရှင်းပျောက်အောင် ကုသနိုင်တယ်ဆိုတာ သေချာတယ်လို့ ပြောခဲ့ပါတယ်။ကလေးမလေးကို ဂရုတစိုက် ပြုစုကုသရင်း နောက်ဆုံး ဆေးအကြိမ်ကြိမ် စစ်ဆေးခဲ့ရာမှာတော့ ဗိုင်းရပ်စ်ကင်းစင်သွားခဲ့တာကို တွေ့ခဲ့ရတာပါ။ မလေးရှားမှာ လက်ရှိအချိန်ထိ ဝူဟန်ဗိုင်းရပ်စ်လူနာ (၁၀)ဦးထက်မနည်း ရှိနေပြီး၊ ပထမဆုံး အတည်ပြုခံရတဲ့ လူနာကတော့ အသက်(၄၁)နှစ်အရွယ် အမျိုးသားပါ။

သူဟာ စင်္ကာပူမှာပြုလုပ်တဲ့ အစည်းအဝေးမှာ တရုတ်နိုင်ငံသား လုပ်ဖော်ကိုင်ဘက်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေရှိခဲ့ရာက ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကိုတော့ Sungai Buloh Hospita ဆေးရုံ အထူးသီးသန့်ဆောင်မှာ ကုသမှုပေးနေပါတယ်။

လင်းဇော်ကို (D Nae Khit)