တ ရုတ်နိုင်ငံ မှာ ဖြစ်နေ တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြန့်နှံ့မှုနှုန်းမြန်ဆန်တာကြောင့် တရုတ်အစိုးရဟာ အဆိုပါ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့နဲ့ ဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ဆေးအတွက် အားထုတ်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့တိုင် ဆေးမတွေ့သေးသလို သေဆုံးသူဦးရေကလည်း များလာတာကြောင့် ယခုအခါမှာတော့်ဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေး တုံ့ပြန်မှုတွေအတွက် အထောက်အပံ့ပစ္စည်းတွေ လိုအပ်နေပြီဖြစ်သလို အခက်အခဲတွေလည်း ရှိနေတယ်လို့ တရုတ်ခေါင်းဆောင်တွေက အတည်ပြုဝန်ခံခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လူပေါင်းများစွာ သေဆုံးခဲ့သလို၊ လက်ရှိအချိန်မှာ ရောဂါကူးစက်မှုနှုန်းဟာလည်း တော်တော်လေး မြင့်တက်လျက်ရှိပါတယ်။ ယင်းကဲ့သို့ ရောဂါကူးစက်သူတွေကို သီးခြား ခွဲထားရတဲ့အခြေအနေဖြစ်ပါတယ်။

လ က် ရှိအချိန်မှာတော့ ဝူဟန်ဗိုင်းရပ်စ်ဟာ ကမ္ဘာကို ကပ်ဆိုး တစ်ခုအနေနဲ့ ရောက်ရှိလာတဲ့အပြင် လူမျိုးရေးကိုပါ ခွဲခြားစေတဲ့ နတ်ဆိုးကြီးကိုပါ သယ်ဆောင်လာတယ်လို့ ဆိုရမှာပါပဲ။ ကမ္ဘာအရပ်ရပ်က အခုချိန်မှာ တရုတ်နိုင်ငံသားတွေကို လက်သင့်မခံနိုင်သလိုဖြစ်လာကြပါတယ်။ သြစတေးလျ နိုင်ငံက ဂိုး ဆိုတဲ့ ကမ်းရိုးတန်းဒေသ တစ်ခုမှာ လူနာတစ်ယောက်က ဆရာဝန် လီအန်းကို လက်ဆွဲနှုတ်ဆက်ဖို့ကို ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလုပ်ရပ်ကြောင့် အံအားသင့်သွားတဲ့ ဆရာဝန် လီအန်းဟာ တွစ်တာမှာ မျှဝေခဲ့ပါတယ်။ လတ်တလောမှာတော့ တရုတ်နိုင်ငံကို ဆန့်ကျင်ရေးပေါ်ပေါက်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အီတလီနိုင်ငံ ရှိ ဗင်းနစ်မြို့မှာလည်း တရုတ်ခရီးသွားတွေကို ရန်ပြုနေတယ်လို့ သတင်းရရှိပါတယ်။

ဒ့ါအပြင် တူရင်မြို့မှာဆိုရင်လည်း ဗိုင်းရပ်စ်ပိုး သယ်ဆောင်သူများအဖြစ် သတ်မှတ်ကြပြီး၊ မီလန်မြို့မှာလည်း လူမှုကွန်ယက်တွေပေါ်မှာ တရုတ်ကျောင်းသား/သူများနဲ့ ဆက်ဆံရေးမရှိစေဖို့ လှုံဆော်နေတယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာလည်း တရုတ်လူမျိုးတွေကို ဝင်ခွင့်ပိတ်ရန် လက်မှတ်ကောက်ခံရာမှာလည်း တစ်ပတ်အတွင်း လက်မှတ်ရေ ၅ သန်းကျော်အထိ ကောက်ခံရရှိတယ်လို့ သိရပါတယ်။

ဗြိတိသျ ဆေးပညာရှင် တစ်ဦးဖြစ်တဲံ ဒေါက်တာ အက်ဘရာကရမ်က အခုလိုပြုလုပ်နေကြတာဟာ ရောဂါဖြစ်သူတွေကို လူတော မတိုးရဲအောင် လုပ်နေသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ ထို့အပြင် ဆစ်ဒနဆ်တက္ကသိုလ်က ကျောင်းဆရာမ ကလဲယာဟွတ်ကာ ကလည်း ခရီးသွားပိတ်ပင်တာဟာ လူတွေကို ရွံရှာစေပါတယ်၊ ဒီလိုလုပ်ရပ်ဟာ ကြောက်ဖို့ကောင်းတဲ့ ဗိုင်းရပ်စ်နဲ့ တရုတ်လူမျိုးတွေအကြား အကျိုးသက်ရောက်စေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ လူမှုကွန်ယက်တစ်ခုမှာ ခေါက်ဆွဲစားဖို့တောင် ရှောင်ကြဉ်သင့်တယ်လို့ ဆောင်းပါးတွေ ပျံ့နှံ့လျက်ရှိပါတယ်။ ယင်းကဲ့သို့ လူမှုကွန်ယက်က သတင်းမှားတွေ ကြောင့် လက်ရှိအချိန်မှာတော့ တရုတ်စားသောက်ဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အကုန်ထိုးကျသွားခဲ့ပါတယ်။

Writer – ME( Shwe Yaung Lan )