မႏၲေ လးချမ်းအေးသာစံမြို့နယ်က မန္တလေးပညာရေးကောလိပ်ကျောင်းမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ပြီး မတ်လကုန်အထိ စာမေးပွဲ စစ်ဆေးခြင်းကို ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“ကျွန်တော် တို့ကျောင်းသားထုတွေအနေနဲ့ လူကို တိုက်ခြင်းမဟုတ်သလို NLDပါတီကို တိုက်ခြင်းလည်းမဟုတ်ပဲ မူကို တိုက်ခြင်းပဲဖြစ်တယ်။ လက်ရှိအစိုးရလက်ထက်မှ ဆန္ဒထုတ်ဖ်ာခဲ့တာ မဟုတ်ပါဘူး၊ အရင်အစိုးရလက်ထက်ကတည်းက ဆန္ဒထုတ်ဖော်နေတာဖြစ်တယ်” လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်က အခုလိုပြောပါတယ်။

အခုလိုကျောင်းသားများ ဆန္ဒထုတ်ဖော်ပြီး ဆန္ဒပြကျောင်းသားများမှ ကျောင်းစာသင်ခန်းများအတွင်းထိ ဝင်ရောက်ကာ ကျောင်းသားကျောင်းသူများကို ဟောပြော စည်းရုံးမှုများလုပ်ဆောင်ခဲ့ကြပါတယ်။

မန္တလေးရင်ခတ်သံ

Credit to AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေး၊ ပြည်သူ့ အသံ ဖော်ဆောင်ရေး နှင့် သတင်းမှန် မီဒီယာ