ရွှေ ဘိုမြို့မှ မုံရွာမြို့သို့ ငွေကျပ် ငါးသောင်းဖြင့် အငှားခေါ်ယူလာသည့် သုံးဘီးယာဉ် တစ်စီး မုံရွာမြို့အရောက် တွင် ငှားရမ်းလာသူက ခိုးယူထွက်ပြေးသွားသော ပြစ်မှုဖြစ်စဉ်တစ်ရပ် ပြီးခဲ့သည့်လ နောက်ဆုံးပတ်က ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်ထံမှ သိရသည်။

“ … သုံး ဘီးယာဉ်မောင်းက တည်းခိုးခန်းထဲမှာ အနားယူနေတဲ့ အချိန် ..အငှားခေါ်လာတဲ့သူက သုံးဘီးယာဉ် ကို ခိုးယူထွက်ပြေးသွားတာပါ … ” ဒုရဲမှူးကြီး သောင်းညွှန့်က ပြောသည်။

ရွှေဘိုမြို့ပေါ်တွင် ပြေးဆွဲမောင်းနှင်းလျက်ရှိသည့် သုံးဘီးယာဉ်( မီနီအိုဝေ) တစ်စီးကို မုံရွာမြို့သို့ ပို့ဆောင်ခ ငွေကျပ် ငါးသောင်းဖြင့် ငှားရမ်းခေါ်ယူခဲ့ပြီးနောက် ငှားရမ်းလာသူက လမ်းတလျောက် ယာဉ်မောင်းအား အရက် သေစာများ တိုက်ကျွေးဧည့်ခံခဲ့သည်။

ထို့နောက် မုံရွာမြို့သို့ ရောက်ရှိသည့်အခါ တည်းခိုခန်းတစ်ခုတွင် ငှား ရမ်းသူနှင့် ပို့ဆောင်သူတို့ အတူတည်းခိုခဲ့သည်။ ယင်း တည်းခိုခန်းအတွင်း သုံးဘီးယာဉ်မောင်း အိပ်ပျော်နေ စဉ် ငှားရမ်းလာသူက သုံးဘီးယာဉ်အား ခိုးယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

“ .. မြို့ရဲ့ ဝင်ထွက်ပေါက်တွေကို ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတယ် ..၊ ဖြစ်ပွားချိန်နဲ့ တိုင်တန်းချိန်က အချိန်ကွာဟသွားတော့ ..၊ မုံရွာနဲ့ဆက်သွယ်ရေး လမ်းကြောင်းအားလုံးကို ချိတ်ဆက်ပြီး လုပ်ဆောင်ရတယ် .. ရက်ပိုင်းအတွင်းမှာပဲ ခိုးရာပါ သုံးဘီးယာဉ်ကို ကလေးမြို့မှာ ခြေရာခံမိ ပြီး ဖမ်းဆီးနိုင်ခဲ့တာပါ … ” မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်မှ ပြောသည်။

အဆိုပါ သုံးဘီးယာဉ် ခိုးယူထွက်ပြေးသွားခဲ့သည့် စုံတွဲအား မုံရွာမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ လည်းကောင်း ရဲစခန်းသည် ယခုနှစ် ဇန္နဝါရီလနှောင်းပိုင်းက မုံရွာမြို့ပေါ် တွင် အုပ်စုဖွဲ့ပြီး ဓါးထောက် ခြိမ်းခြောက်၍ ပစ္စည်း လုယက်သူ (၁၈) ဦးနှင့် လုရာပါ ပစ္စည်း အမြောက်အများကို ဖော်ထုတ်ဖမ်းဆီး ခဲ့သော ရဲစခန်းဖြစ်ကြောင်း သိရသည်။ကိုတိုးကြီး (မုံရွာ)