တ ရုတ်နိုင်ငံ မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူအချင်းချင်းကူးစက်နိုင်ပြီး ကူးစက်မှု မြင့်မားနေတာကြောင့် စိုးရိမ်လျက်ရှိကြပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများလိုပဲ လေထဲမှ တစ်ဆင့် ကူးစက်တဲ့အပြင် ကူးစက်ခံရသူတွေဟာ ချောင်းဆိုးခြင်း၊ နှာချေခြင်း များမှလည်း ကူးစက်နိုင်ပါတယ်။ ရောဂါကူးစက်ခံရသူဟာ ကိုယ်ခံအားကောင်းမွန်နေသော်လည်း အခြားသူများကိုပါ ကူးစက်နိုင်တယ်လို့ သိရပါတယ်။ ရောဂါပိုးကူးစက်ခံရပြီဆိုလျှင် ၁၄ ရက်အတွင်း ရောဂါ အစပျိုးဖြစ်ပွားတတ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သေဆုံးသူ နောက်ဆုံးရသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေေ ဖ်ာဝါရီလ ၅ ရက်နေ့အထိ သေဆုံးသူဟာ ၄၉၂ ယောက်ရှိပြီး၊ ကုသရင်း ပျောက်ကင်းသွားသူဟာ ၉၁၁ ယောက်ရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ချက်မှာတော့ ကူးစက်ခံရတဲ့ လူနာဟာ ၂၄၅၄၉ ရှိနေပြီလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးဦးစီးဌာန CDC က ထုတ်ပြန်ချက်မှာတော့ သံသယရှိသူ လူနာ ၈ ယောက်ရှိပြီး အဆိုပါ လူနာတွေကို၊ နေပြည်တော် ကုတင် ၁၀၀၀၊ နမ္မတူပြည်သူ့ဆေးရုံ၊ လွိုင်ကော်ပြည်သူ့ဆေးရုံး၊ မင်းပြားပြည်သူ့ဆေးရုံ၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၊ ဝေဘာဂီ အထူးကုဆေးရုံနဲ့ စဝ်စံထွန်းဆေးရုံကြီးတွေမှာ ကုသပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ယင်းထုတ်ပြန်ချက်ထဲမှာတော့ အသက် ၃၂ နှစ်အရွယ် တရုတ်နိုင်ငံသား အမျိုးသား တစ်ဦးဟာ အဖျားတက်ပြီး ကိုယ်ပူရှိန်များတာကြောင့် လှိုင်သာယာဆေးရုံကို ကိုယ်တိုင်ရောက်ရှိလာလို့ ဝေဘာဂီ အထူးကု ဆေးရုံကို လွှဲပြောင်း ကုသထားတယ်လို့ ဆိုပါတယ်။ ကိုရိုနာ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး လက်ရှိ နောက်ဆုံးရသတင်းတွေကို အဆင်မပြတ်တင်ဆက်ပေးနေပါတယ်နော် ပရိတ်သတ်ကြီး ……….။

Writer – ME( Shwe Yaung Lan )
Photo source: DVB